သားဖြစ်သူရဲ့ အုတ်ဂူအနားမှာ လှဲလျောင်း​ရင်း သားကို စကားပြောနေတဲ့ ဖခင်တစ်ယောက်ရဲ့ ထိထိမိမိပုံရိပ်

မကြာသေးမီက ဖခင်တစ်ဦးဟာ သားဖြစ်သူနဲ့ စကားပြောဆိုရန် အုတ်ဂူဘေးမှာ လှဲလျောင်းနေတဲ့ ဖခင်တစ်ဦးရဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်ကို မျှဝေခဲ့ပါတယ်။ “ကလေးတွေ သူတို့ရဲ့မိဘကို ဆုံးရှုံးရင် မိဘမဲ့လို့ ခေါ်တယ်၊ မယားဆုံးရှုံးတဲ့ ယောက်ျားကို မုဆိုးဖိုလို့ ခေါ်တယ်၊ မိန်းမက လင်ဆုံးရှုံးရင် သူ့ကို မုဆိုးမလို့ ခေါ်တယ်။ သားသမီးတွေ ဆုံးရှုံးခဲ့ရတဲ့ ဖေဖေမေမေတွေအတွက် ဘာ့ကြောင့် နာမည်မရှိတာလဲ သိလား ဝေဒနာကို ဖော်ပြဖို့ စကားလုံးမရှိလို့ပါ” ဆိုတဲ့ စာသားနဲ့ မျှဝေခဲ့တာပါ။

ဖခင်က မကြာခဏ လေးလံတဲ့အလုပ်များကို ထမ်းရွက်ရလေ့ရှိပြီး မိသားစုမှာ အဓိက ဝမ်းစာရှာသူဖြစ်တာကြောင့် သားသမီးတွေကို ချစ်ခြင်းမေတ္တာတွေ ထုတ်ပြလေ့မရှိပါဘူး။ ဒါပေမဲ့ ဖခင်တို့ရဲ့ နှလုံးသွေးသားထဲမှာ နူးညံ့သိမ်မွေ့တဲ့ စိတ်နှလုံးရှိသူဖြစ်ပြီး သားသမီးများကို ချစ်ခြင်းမေတ္တာတွေ ပေးကမ်းနိုင်ရန် အမြဲကြိုးစားနေပါတယ်။ လူတိုင်းက အဆိုပါဖခင်ရဲ့အခြေအနေအတွက် ဝမ်းနည်းကြေကွဲစွာ ခံစားနေကြရပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories