ကျောင်းစည်းကမ်း ဖောက်ဖျက်တဲ့ ကျောင်းသားကို ပြစ်ဒဏ်အဖြစ် ဆံပင်ညှပ်ခဲ့တဲ့အတွက် လက်စားချေရန် ကျောင်းလာပြီး ဆရာရဲ့ ဆံပင်ကို ခုတ်ထစ်ခဲ့တဲ့ ကျောင်းသားမိဘ

ကျောင်းတိုင်းမှာ ကျောင်းသားရဲ့ အသွင်အပြင်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများ ရှိပါတယ်။ ကျောင်းသားအများစုကို ကျောင်းတက်တဲ့အခါ သန့်ရှင်းသပ်ရပ်တဲ့ ရုပ်ရည်နဲ့ ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း စည်းကမ်းဖောက်ဖျက်လိုသူ အများအပြားရှိပါတယ်။ မကြာသေးမီက အင်ဒိုနီးရှား ကျောင်းဆရာတစ်ဦးဟာ သူ့ကျောင်းသားရဲ့ဆံပင်ကို ပြစ်ဒဏ်အဖြစ် ညှပ်ခဲ့ကြောင်း သိရပါတယ်။

ရှည်လျားပြီး စုတ်ပြတ်နေတဲ့ ကျောင်းသားရဲ့ ဆံပင်ကို မညှပ်ခင် ကျောင်းသားကို သတိပေးချက်တွေ အများအပြားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆရာရဲ့လုပ်ရပ်ကို ကျောင်းသားမိဘများက လက်မခံခဲ့ပါဘူး။ သားသမီးအတွက် ဆရာ့ကို လက်စားချေလိုက်တဲ့ ဖခင်က ကျောင်းကို သွားကာ အတန်းထဲမှာ ဆရာ စာသင်ချိန်နေချိန် ဆရာရဲ့ဆံပင်ကို ခုတ်ထစ်ခဲ့ပါတယ်။

ဆရာ့ခေါင်းပေါ်က ပြောင်နေတဲ့ဓာတ်ပုံတွေ မကြာခင်မှာဘဲ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ Facebook မှာ တင်ထားတဲ့ ပို့စ်တစ်ခုအရတော့ နှစ်ဖက်စလုံးက ဒီကိစ္စကို နှုတ်ဆိတ်ပြီး တောင်းပန်စာတစ်စောင်စီ ရေးပြီး ဖြေရှင်းခဲ့တယ်လို့ ဆိုပါတယ်။

JRose(Tgidailynews)

Zawgyi

ေက်ာင္းစည္းကမ္း ေဖာက္ဖ်က္တဲ့ ေက်ာင္းသားကို ျပစ္ဒဏ္အျဖစ္ ဆံပင္ညႇပ္ခဲ့တဲ့အတြက္ လက္စားေခ်ရန္ ေက်ာင္းလာၿပီး ဆရာရဲ႕ ဆံပင္ကို ခုတ္ထစ္ခဲ့တဲ့ ေက်ာင္းသားမိဘ

ေက်ာင္းတိုင္းမွာ ေက်ာင္းသားရဲ႕ အသြင္အျပင္နဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းမ်ား ရွိပါတယ္။ ေက်ာင္းသားအမ်ားစုကို ေက်ာင္းတက္တဲ့အခါ သန႔္ရွင္းသပ္ရပ္တဲ့ ႐ုပ္ရည္နဲ႔ ျဖစ္ေစခ်င္ၾကပါတယ္။ ဒါေပမဲ့ အားလုံးသိၾကတဲ့အတိုင္း စည္းကမ္းေဖာက္ဖ်က္လိုသူ အမ်ားအျပားရွိပါတယ္။ မၾကာေသးမီက အင္ဒိုနီးရွား ေက်ာင္းဆရာတစ္ဦးဟာ သူ႔ေက်ာင္းသားရဲ႕ဆံပင္ကို ျပစ္ဒဏ္အျဖစ္ ညႇပ္ခဲ့ေၾကာင္း သိရပါတယ္။

ရွည္လ်ားၿပီး စုတ္ျပတ္ေနတဲ့ ေက်ာင္းသားရဲ႕ ဆံပင္ကို မညႇပ္ခင္ ေက်ာင္းသားကို သတိေပးခ်က္ေတြ အမ်ားအျပားေပးခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ဆရာရဲ႕လုပ္ရပ္ကို ေက်ာင္းသားမိဘမ်ားက လက္မခံခဲ့ပါဘူး။ သားသမီးအတြက္ ဆရာ့ကို လက္စားေခ်လိုက္တဲ့ ဖခင္က ေက်ာင္းကို သြားကာ အတန္းထဲမွာ ဆရာ စာသင္ခ်ိန္ေနခ်ိန္ ဆရာရဲ႕ဆံပင္ကို ခုတ္ထစ္ခဲ့ပါတယ္။

ဆရာ့ေခါင္းေပၚက ေျပာင္ေနတဲ့ဓာတ္ပုံေတြ မၾကာခင္မွာဘဲ ဆိုရွယ္မီဒီယာပလက္ေဖာင္းေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ Facebook မွာ တင္ထားတဲ့ ပို႔စ္တစ္ခုအရေတာ့ ႏွစ္ဖက္စလုံးက ဒီကိစၥကို ႏႈတ္ဆိတ္ၿပီး ေတာင္းပန္စာတစ္ေစာင္စီ ေရးၿပီး ေျဖရွင္းခဲ့တယ္လို႔ ဆိုပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories