ဇနီးသုံးယောက်ကို ကွာရှင်းပြီးနောက် အသက် ၉၃ နှစ်မှာ စတုတ္ထဇနီး နဲ့ လက်ထပ်ခဲ့တဲ့ အာကာသယာဉ်မှူးဟောင်း

အမေရိကန် အာကာသယာဉ်မှူးဟောင်း Buzz Aldrin ဟာ လပေါ်ကို တတ်ရောက်ခဲ့တဲ့ ဒုတိယမြောက် အာကာသယာဉ်မှူးဖြစ်ပြီး ၎င်းရဲ့ ၉၃ နှစ်မြောက် မွေးနေ့ကို ၂၀ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ထိုနေ့မှာ သူ့ရဲ့ စတုတ္ထမြောက်ဇနီးကို လက်ထပ်တော့မဲ့ သတင်းကောင်းကိုလည်း ကြေငြာခဲ့ပါတယ်။ Aldrin က ၁၉၆၉ ခုနှစ်မှာ Armstrong နဲ့ Koslin တို့နဲ့အတူ လပေါ်လမ်းလျှောက်ခဲ့ပြီး ယနေ့ထိ အသက်ရှင်ကျန်ရစ်သူ သုံးဦးအနက်မှ တစ်ဦးသာဖြစ်ပါတယ်။

Aldrin က သူရဲ့ ၉၃နှစ်မြောက်မွေးနေ့မှာ သူရဲ့ ၆၃ နှစ်အရွယ်ရည်းစား Anca Faur ကို Los Angeles မှာ မင်္ဂလာဆောင်အသေးစားတစ်ခုကျင်းပခဲ့ပြီး”ကျွန်ုပ်ဘဝရဲ့ ချစ်ခြင်းမေတ္တာ Faur ကို ၉၃ နှစ်မြောက် မွေးနေ့မှာ လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းကို ကြေညာရတာ ဝမ်းသာမိတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး ခိုးပြေးကြမယ့် လူငယ်လိုပါပဲ အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။”လို့ Aldrin က ပြောပါတယ်။

Farr က Aldrin ရဲ့ စတုတ္ထမြောက်ဇနီးဖြစ်ပြီး အိမ်ထောင်သုံးကြိမ်နဲ့ ကွာရှင်းမှုသုံးကြိမ်ရှိပြီဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာ ပထမဇနီးနဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်သက် အနှစ် ၂၀ အကြာမှာ ကွာရှင်းခဲ့ပါတယ်။ ဒုတိယဇနီးက ၁၉၇၅ ခုနှစ်မှာ လက်ထပ်ခဲ့ပေမဲ့ ၃ နှစ်လောက်မှာ ကွာရှင်းခဲ့ပြီး ၁၀ နှစ်အကြာမှာ တတိယဇနီးနဲ့ ပြန်လည်လက်ထပ်ခဲ့ပေမဲ့ ၂၀၁၂ မှာ ထပ်ပြီးကွာရှင်းခဲ့ပါတယ်။ Farr နဲ့ Aldrin အကြား အသက် ၃၀ ကွာခြားချက်ရှိပြီး သူမဟာ ၂၀၁၉ ခုနှစ်ကတည်းက Aldrin အမည်နဲ့ ကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။

Aldrin က လပေါ်ကနေ ဆင်းသက်နိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက်လူဖြစ်ပါတယ်။ ထိုအချိန်မှာ သူက လပေါ်ရှိ ပထမဆုံးလူသား Armstrong နဲ့ မစ်ရှင်ကို လုပ်ဆောင်ခဲ့ပါတယ်။ Armstrong က လပေါ်သို့ ခြေချပြီးနောက် အနီးကပ်လိုက်ကာ Aldrin က ဒုတိယမြောက်သူ ဖြစ်လာခဲ့တာပါ။ ထိုအချိန်မှာ သူနဲ့ အတူ မစ်ရှင်လုပ်ဆောင်နေတဲ့ အခြား အာကာသယာဉ်မှူး Koslin လည်း ရှိသေးပါတယ်။ ဒါပေမဲ့ သူက ယခုထိ အသက်ရှင်နေဆဲပါ။

JRose(Tgidailynews)

Zawgyi

ဇနီးသုံးေယာက္ကို ကြာရွင္းၿပီးေနာက္ အသက္ ၉၃ ႏွစ္မွာ စတုတၳဇနီး နဲ႔ လက္ထပ္ခဲ့တဲ့ အာကာသယာဥ္မႉးေဟာင္း

အေမရိကန္ အာကာသယာဥ္မႉးေဟာင္း Buzz Aldrin ဟာ လေပၚကို တတ္ေရာက္ခဲ့တဲ့ ဒုတိယေျမာက္ အာကာသယာဥ္မႉးျဖစ္ၿပီး ၎ရဲ႕ ၉၃ ႏွစ္ေျမာက္ ေမြးေန႔ကို ၂၀ ရက္ေန႔မွာ က်င္းပခဲ့ပါတယ္။ ထိုေန႔မွာ သူ႔ရဲ႕ စတုတၳေျမာက္ဇနီးကို လက္ထပ္ေတာ့မဲ့ သတင္းေကာင္းကိုလည္း ေၾကျငာခဲ့ပါတယ္။ Aldrin က ၁၉၆၉ ခုႏွစ္မွာ Armstrong နဲ႔ Koslin တို႔နဲ႔အတူ လေပၚလမ္းေလွ်ာက္ခဲ့ၿပီး ယေန႔ထိ အသက္ရွင္က်န္ရစ္သူ သုံးဦးအနက္မွ တစ္ဦးသာျဖစ္ပါတယ္။

Aldrin က သူရဲ႕ ၉၃ႏွစ္ေျမာက္ေမြးေန႔မွာ သူရဲ႕ ၆၃ ႏွစ္အ႐ြယ္ရည္းစား Anca Faur ကို Los Angeles မွာ မဂၤလာေဆာင္အေသးစားတစ္ခုက်င္းပခဲ့ၿပီး”ကြၽႏ္ုပ္ဘဝရဲ႕ ခ်စ္ျခင္းေမတၱာ Faur ကို ၉၃ ႏွစ္ေျမာက္ ေမြးေန႔မွာ လက္ထပ္လိုက္ၿပီဆိုတဲ့ သတင္းကို ေၾကညာရတာ ဝမ္းသာမိတယ္။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လုံး ခိုးေျပးၾကမယ့္ လူငယ္လိုပါပဲ အရမ္းစိတ္လႈပ္ရွားေနၾကပါတယ္။”လို႔ Aldrin က ေျပာပါတယ္။

Farr က Aldrin ရဲ႕ စတုတၳေျမာက္ဇနီးျဖစ္ၿပီး အိမ္ေထာင္သုံးႀကိမ္နဲ႔ ကြာရွင္းမႈသုံးႀကိမ္ရွိၿပီျဖစ္ပါတယ္။ ၁၉၅၄ ခုႏွစ္မွာ ပထမဇနီးနဲ႔ လက္ထပ္ခဲ့ၿပီး အိမ္ေထာင္သက္ အႏွစ္ ၂၀ အၾကာမွာ ကြာရွင္းခဲ့ပါတယ္။ ဒုတိယဇနီးက ၁၉၇၅ ခုႏွစ္မွာ လက္ထပ္ခဲ့ေပမဲ့ ၃ ႏွစ္ေလာက္မွာ ကြာရွင္းခဲ့ၿပီး ၁၀ ႏွစ္အၾကာမွာ တတိယဇနီးနဲ႔ ျပန္လည္လက္ထပ္ခဲ့ေပမဲ့ ၂၀၁၂ မွာ ထပ္ၿပီးကြာရွင္းခဲ့ပါတယ္။ Farr နဲ႔ Aldrin အၾကား အသက္ ၃၀ ကြာျခားခ်က္ရွိၿပီး သူမဟာ ၂၀၁၉ ခုႏွစ္ကတည္းက Aldrin အမည္နဲ႔ ကုမၸဏီတစ္ခုရဲ႕ အမႈေဆာင္ဒုဥကၠ႒ျဖစ္ခဲ့ပါတယ္။

Aldrin က လေပၚကေန ဆင္းသက္ႏိုင္ခဲ့တဲ့ သမိုင္းတစ္ေလွ်ာက္ ဒုတိယေျမာက္လူျဖစ္ပါတယ္။ ထိုအခ်ိန္မွာ သူက လေပၚရွိ ပထမဆုံးလူသား Armstrong နဲ႔ မစ္ရွင္ကို လုပ္ေဆာင္ခဲ့ပါတယ္။ Armstrong က လေပၚသို႔ ေျခခ်ၿပီးေနာက္ အနီးကပ္လိုက္ကာ Aldrin က ဒုတိယေျမာက္သူ ျဖစ္လာခဲ့တာပါ။ ထိုအခ်ိန္မွာ သူနဲ႔ အတူ မစ္ရွင္လုပ္ေဆာင္ေနတဲ့ အျခား အာကာသယာဥ္မႉး Koslin လည္း ရွိေသးပါတယ္။ ဒါေပမဲ့ သူက ယခုထိ အသက္ရွင္ေနဆဲပါ။

JRose(Tgidailynews)

  • Leave a Comment

Categories