ပိုက်ဆံများ ပျောက်ကျမသွားအောင် သူ့ကလေးရဲ့ အင်္ကျီပေါ်ကို QR ကုဒ် ရိုက်နှိပ်ပြီး ပိုက်ဆံထည့်ခဲ့တဲ့ ဖခင်

မကြာသေးမီက လူမှုကွန်ရက်မှာ ဖခင်တစ်ဦးက သမီးဖြစ်သူရဲ့ ရှပ်င်္အကျီပေါ်မှာ QR ကုဒ်ကို စကင်န်ဖတ်နေတဲ့ အထူးစိတ်ကူးတစ်ခုကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ ပျံ့နှံ့လာခဲ့ပါတယ်။ မြင်တွေ့ရတဲ့အတိုင်း ငွေ သို့မဟုတ် စာအိတ်များ သယ်ဆောင်ရန် မလိုအပ်ဘဲ ဒါ့အပြင် ပိုက်ဆံကိုင်ထားတဲ့ကလေးများက ဆုံးရှုံးလွယ်သောကြောင့် ဒီဖခင်က အဆိုပါခေတ်မီတဲ့ QR ကုဒ်များကို စကင်န်ဖတ်တဲ့နည်းစနစ်ကို အသုံးပြုရန် စိတ်ကူးခဲ့ပါတယ်။

အဖေက ကလေး ၂ ယောက်အတွက် အင်္ကျီ ၂ ထည်ကို ရင်ဘတ်မှာ ကြီးမားတဲ့ QR ကုဒ်နဲ့ ရိုက်နှိပ်ထားပါတယ်။ ဒီနည်းလမ်းဟာ အင်တာနက်မှာ ပြန့်နှံ့လာပြီးနောက် ၎င်းနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ အများအပြား ရရှိခဲ့ပါတယ်။ လူငယ်အချို့က ခေတ်မီ၊ အဆင်ပြေပြီး မြန်ဆန်တဲ့ ဒီနည်းလမ်းကို အလွန်စိတ်ဝင်စားကြပေမဲ့ အချို့က ဒီနည်းလမ်းကို သဘောမကျဘဲ ဝေဖန်လာခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

ပိုက္ဆံမ်ား ေပ်ာက္က်မသြားေအာင္ သူ႔ကေလးရဲ႕ အက်ႌေပၚကို QR ကုဒ္ ႐ိုက္ႏွိပ္ၿပီး ပိုက္ဆံထည့္ခဲ့တဲ့ ဖခင္

မၾကာေသးမီက လူမႈကြန္ရက္မွာ ဖခင္တစ္ဦးက သမီးျဖစ္သူရဲ႕ ရွပ္အၤက်ီေပၚမွာ QR ကုဒ္ကို စကင္န္ဖတ္ေနတဲ့ အထူးစိတ္ကူးတစ္ခုကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ဟာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ ျမင္ေတြ႕ရတဲ့အတိုင္း ေငြ သို႔မဟုတ္ စာအိတ္မ်ား သယ္ေဆာင္ရန္ မလိုအပ္ဘဲ ဒါ့အျပင္ ပိုက္ဆံကိုင္ထားတဲ့ကေလးမ်ားက ဆုံးရႈံးလြယ္ေသာေၾကာင့္ ဒီဖခင္က အဆိုပါေခတ္မီတဲ့ QR ကုဒ္မ်ားကို စကင္န္ဖတ္တဲ့နည္းစနစ္ကို အသုံးျပဳရန္ စိတ္ကူးခဲ့ပါတယ္။

အေဖက ကေလး ၂ ေယာက္အတြက္ အက်ႌ ၂ ထည္ကို ရင္ဘတ္မွာ ႀကီးမားတဲ့ QR ကုဒ္နဲ႔ ႐ိုက္ႏွိပ္ထားပါတယ္။ ဒီနည္းလမ္းဟာ အင္တာနက္မွာ ျပန႔္ႏွံ႔လာၿပီးေနာက္ ၎နဲ႔ပတ္သက္ၿပီး ေျပာဆိုမႈေတြ အမ်ားအျပား ရရွိခဲ့ပါတယ္။ လူငယ္အခ်ိဳ႕က ေခတ္မီ၊ အဆင္ေျပၿပီး ျမန္ဆန္တဲ့ ဒီနည္းလမ္းကို အလြန္စိတ္ဝင္စားၾကေပမဲ့ အခ်ိဳ႕က ဒီနည္းလမ္းကို သေဘာမက်ဘဲ ေဝဖန္လာခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories