အမှန်တကယ်လင်းနိုင်တဲ့ Chandelier နားကပ်များကို ဖန်တီးပြီး မော်ဒယ်အများစုကို စိတ်ဝင်စားစေခဲ့တဲ့ အမျိုးသမီးအနုပညာရှင်

Diana Caldarescu အမည်ရှိ အမျိုးသမီးတစ်ဦးဟာ အမှန်တကယ်လင်းလက်တောက်ပတဲ့ မီးပဒေသာပုံသဏ္ဍာန်ဖြင့် Chandelier နားကပ်များကို ဖန်တီးပုံဖော်တဲ့ နည်းပညာဒီဇိုင်နာနဲ့ ဖက်ရှင်သရုပ်ဖော်ဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူမဖန်တီးတဲ့ Chandelier နားကပ်က ကြေးဝါ၊ စတာလင်ငွေ၊ 14 ကာရက်ရွှေနဲ့ ဖန်သားကျောက်များဖြင့် အံ့ဩဖွယ်ကောင်းတဲ့ နားကပ် LED ထိပ်ဖျားဖယောင်းတိုင်င်များဖြစ်ပါတယ်။

၎င်းကို သေးငယ်တဲ့ ဘက်ထရီအထုပ်က ဝတ်ဆင်သူရဲ့ နားနောက်မှာ ဝှက်ထားပါတယ်။ သေးငယ်တဲ့ CR1632 ဘက်ထရီက မီးများကို မည်မျှကြာအောင်ထားနိုင်တာကို မသိရသေးပေမဲ့ ၎င်းဖန်တီးမှုက လူတိုင်းအတွက် အထင်ကြီးစရာဖြစ်စေခဲ့ပါတယ်။ သတင်းကောင်းကတော့ ဘက်ထရီက အစားထိုးလို့ရတာမို့ အားကုန်ခန်းရင်တောင် အသစ်တစ်ခုဝယ်ထည့်နိုင်ပါတယ်။

Los Angeles Trade-Technical College မှ မကြာသေးမီက ဘွဲ့ရတစ်ဦးဖြစ်တဲ့ Diana Caldarescu ဟာ လက်ရှိမှာ သူမရဲ့ကိုယ်ပိုင် လက်ဝတ်ရတနာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါတယ်။ သူမရဲ့ တမူထူးခြားတဲ့ ဒီ Chandelier နားကပ်ပုံစံကို လက်ရှိမှာ တစ်စုံလျှင် $128 သို့မဟုတ် $158 ဖြင့် စျေးနှုန်းသတ်မှတ်ထားပေမဲ့ မော်ဒယ်အများစုက လာရောက် ဝယ်ယူနေကြပါတယ်။

JRose(Tgidailynews)

Zawgyi

အမွန္တကယ္လင္းႏိုင္တဲ့ Chandelier နားကပ္မ်ားကို ဖန္တီးၿပီး ေမာ္ဒယ္အမ်ားစုကို စိတ္ဝင္စားေစခဲ့တဲ့ အမ်ိဳးသမီးအႏုပညာရွင္

Diana Caldarescu အမည္ရွိ အမ်ိဳးသမီးတစ္ဦးဟာ အမွန္တကယ္လင္းလက္ေတာက္ပတဲ့ မီးပေဒသာပုံသ႑ာန္ျဖင့္ Chandelier နားကပ္မ်ားကို ဖန္တီးပုံေဖာ္တဲ့ နည္းပညာဒီဇိုင္နာနဲ႔ ဖက္ရွင္သ႐ုပ္ေဖာ္ဆရာမတစ္ေယာက္ျဖစ္ပါတယ္။ သူမဖန္တီးတဲ့ Chandelier နားကပ္က ေၾကးဝါ၊ စတာလင္ေငြ၊ 14 ကာရက္ေ႐ႊနဲ႔ ဖန္သားေက်ာက္မ်ားျဖင့္ အံ့ဩဖြယ္ေကာင္းတဲ့ နားကပ္ LED ထိပ္ဖ်ားဖေယာင္းတိုင္င္မ်ားျဖစ္ပါတယ္။

၎ကို ေသးငယ္တဲ့ ဘက္ထရီအထုပ္က ဝတ္ဆင္သူရဲ႕ နားေနာက္မွာ ဝွက္ထားပါတယ္။ ေသးငယ္တဲ့ CR1632 ဘက္ထရီက မီးမ်ားကို မည္မွ်ၾကာေအာင္ထားႏိုင္တာကို မသိရေသးေပမဲ့ ၎ဖန္တီးမႈက လူတိုင္းအတြက္ အထင္ႀကီးစရာျဖစ္ေစခဲ့ပါတယ္။ သတင္းေကာင္းကေတာ့ ဘက္ထရီက အစားထိုးလို႔ရတာမို႔ အားကုန္ခန္းရင္ေတာင္ အသစ္တစ္ခုဝယ္ထည့္ႏိုင္ပါတယ္။

Los Angeles Trade-Technical College မွ မၾကာေသးမီက ဘြဲ႕ရတစ္ဦးျဖစ္တဲ့ Diana Caldarescu ဟာ လက္ရွိမွာ သူမရဲ႕ကိုယ္ပိုင္ လက္ဝတ္ရတနာလုပ္ငန္းကို လုပ္ကိုင္လ်က္ရွိပါတယ္။ သူမရဲ႕ တမူထူးျခားတဲ့ ဒီ Chandelier နားကပ္ပုံစံကို လက္ရွိမွာ တစ္စုံလွ်င္ $128 သို႔မဟုတ္ $158 ျဖင့္ ေစ်းႏႈန္းသတ္မွတ္ထားေပမဲ့ ေမာ္ဒယ္အမ်ားစုက လာေရာက္ ဝယ္ယူေနၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories