၆၄ နှစ်ကြာ အတူနေလာပြီးနောက် မသေဆုံးခင်မှာ ဇနီးသည်ရဲ့ လက်ကို စုပ်ကိုင်ရင်း မငိုအောင် ခေါင်းပွတ်ကာ နှစ်သိမ့်နေတဲ့ အဖိုးအို

မကြာသေးမီက အဘိုးနဲ့ အဘွားရဲ့ နွေးထွေးတဲ့အခိုက်အတန့်ကို မြေးဖြစ်သူက မျှဝေလာခဲ့ပါတယ်။ ၆၄ နှစ်ကြာ အတူနေလာခဲ့တဲ့ သူမရဲ့ အသက် ၈၈ နှစ်အရွယ် အဖိုးနဲ့ အဖွားက အဖိုးဟာ ကျန်းမာရေးမကောင်းတဲ့အတွက် အိပ်ယာထဲမှာဘဲ လှဲနေခဲ့ရပါတယ်။ ဒါပေမဲ့ အဖိုးက မသေဆုံးမီ အဘွားကို မငိုအောင် ခေါင်းပွတ်ပေးရင်း စကားပြောပြီး လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားကာ ” မငိုနဲ့တော့ ဘယ်သူတစ်ဦးတစ်ယောက်မတည်မြဲဘူး။ မင်းငိုနေရင် ကိုယ်မသွားချင်ဘူး” လို့ အဖိုးက ပြောခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက သိပ်အရူးအမူးမဟုတ်ပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ နူးညံ့ပါတယ်။ မြေးဖြစ်သူက ထိုကြည်နူးဖွယ်ပုံရိပ်ကို မျှဝေပြီး “အဘိုးဆုံးသွားပါပြီ၊ သူထွက်သွားပြီးတဲ့နောက် အဖွားက ကလေးလို ငိုနေပါတယ်” ဆိုတဲ့စာသားနဲ့ မျှဝေလာခဲ့ပါတယ်။ အဘိုးအဘွားတွေရဲ့ မိသားစုတွေတင်မကဘဲ အင်တာနက်သုံးသူတွေကိုလည်း မျက်ရည်ကျစေမိပါတယ်။

JRose(Tgidailynews)

Zawgyi

၆၄ ႏွစ္ၾကာ အတူေနလာၿပီးေနာက္ မေသဆုံးခင္မွာ ဇနီးသည္ရဲ႕ လက္ကို စုပ္ကိုင္ရင္း မငိုေအာင္ ေခါင္းပြတ္ကာ ႏွစ္သိမ့္ေနတဲ့ အဖိုးအို

မၾကာေသးမီက အဘိုးနဲ႔ အဘြားရဲ႕ ေႏြးေထြးတဲ့အခိုက္အတန္႔ကို ေျမးျဖစ္သူက မွ်ေဝလာခဲ့ပါတယ္။ ၆၄ ႏွစ္ၾကာ အတူေနလာခဲ့တဲ့ သူမရဲ႕ အသက္ ၈၈ ႏွစ္အ႐ြယ္ အဖိုးနဲ႔ အဖြားက အဖိုးဟာ က်န္းမာေရးမေကာင္းတဲ့အတြက္ အိပ္ယာထဲမွာဘဲ လွဲေနခဲ့ရပါတယ္။ ဒါေပမဲ့ အဖိုးက မေသဆုံးမီ အဘြားကို မငိုေအာင္ ေခါင္းပြတ္ေပးရင္း စကားေျပာၿပီး လက္ကို ညင္သာစြာ ဆုပ္ကိုင္ထားကာ ” မငိုနဲ႔ေတာ့ ဘယ္သူတစ္ဦးတစ္ေယာက္မတည္ၿမဲဘူး။ မင္းငိုေနရင္ ကိုယ္မသြားခ်င္ဘူး” လို႔ အဖိုးက ေျပာခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးက သိပ္အ႐ူးအမူးမဟုတ္ေပမယ့္ ႏွစ္ေတြၾကာလာတာနဲ႔အမွ် ႏူးညံ့ပါတယ္။ ေျမးျဖစ္သူက ထိုၾကည္ႏူးဖြယ္ပုံရိပ္ကို မွ်ေဝၿပီး “အဘိုးဆုံးသြားပါၿပီ၊ သူထြက္သြားၿပီးတဲ့ေနာက္ အဖြားက ကေလးလို ငိုေနပါတယ္” ဆိုတဲ့စာသားနဲ႔ မွ်ေဝလာခဲ့ပါတယ္။ အဘိုးအဘြားေတြရဲ႕ မိသားစုေတြတင္မကဘဲ အင္တာနက္သုံးသူေတြကိုလည္း မ်က္ရည္က်ေစမိပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories