







credit – Myanmarload

Unicode

ယနေ့ချိန်ထိကြော်ငြာဘုရင်မဆိုတဲ့ဂုဏ်ကိုထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်းကို သက်သေပြလိုက်နိုင်တဲ့ နိုင်ငံကျော်မင်းသမီးချောလေး ထက်ထက်မိုးဦး

နိုင်ငံကျော် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ထက်ထက်ဟာ ယနေ့ချိန်အထိလည်း သူမရဲ့ အောင်မြင်မှုတွေက ရပ်တန့်သွားခြင်းမရှိသေးဘဲ ဆထက်တိုးကာ ကျော်ကြားနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မထက်ကို အမြဲချစ်ခင် အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ ကျောက်မျက်ရတနာပစ္စည်းများကို Live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ မထက်ရဲ့ ရောင်းအားတွေကလည်း အများနဲ့မတူဘဲ သိန်းထောင်ဂဏန်းရောင်းချရတာကြောင့် အားလုံးက အံ့အားသင့်နေရတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာလည်း တန်ဖိုးကြီးကားတွေကို ရောင်းချကာ သူမကိုယ်တိုင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမယ်လို့လည်း သတင်းကောင်းပါးထားပါသေးတယ်။

ထက်ထက်ရဲ့ မျက်နှာလေးကို ပိုပြီးနုပျိုသွားအောင် စွမ်းဆောင်နိုင်သူတွေကတော့ သူမရဲ့ Make Up Artist တွေပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း လင်းလင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မထက်ရဲ့ ပုံလေးတွေတင်ထားတာပဲ ဖြစ်ပါတယ်။ လင်းကလည်း ” ပြည်သူချစ် တဲ့ မင်းသမီးလေး မထက်ရဲ့ ပရိသတ်တွေ

အမြဲတမ်းလင်းကိုတောင်းဆိုကြတဲ့စကားလေး

(မထက်ကို လှလှလေးပြင်ပေးပါနော်လင်း)ဆိုတဲ့အတိုင်း

ကျေနပ်ရဲ့လားရှင့် လင်းရဲ့ ပြင်ဆင်ပေးမှုလေးကို” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံလေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Htet Htet Moe Oo and Lin Linn

credit – Myanmarload

  • Leave a Comment