အလေးချိန် ၅ ကီလိုကျော်တဲ့ ရွှေတွေကို ၀တ်ဆင်ကာ မြို့အနှံ့ လမ်းလျှောက်ထွက်တဲ့ ရွှေကို ရူးရူးမူးမူးစွဲလန်းနေတဲ့ အမျိုးသားတစ်ဦး

Do Ngoc Thuan (သို့) Seven Ball လို့ခေါ်တဲ့ အသက် ၃၄ နှစ်အရွယ် ဗီယက်နမ်အမျိုးသားတစ်ဦးဟာ ရွှေကို စွဲလန်းသူလို့ နာမည်ကြီးနေပါတယ်။ ဒီအမျိုးသားက ကြီးပြင်းလာတဲ့အခါ ရွှေဝယ်ပြီး လူတွေရဲ့မျက်လုံးကို ဆွဲဆောင်ဖို့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဟိုချီမင်းမြို့ရှိ စားသောက်ဆိုင်နဲ့ အချိုပွဲဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ရွှေအမြောက်အမြား ၀တ်ဆင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

အဆိုပါအမျိုးသားက လက်စွပ် ၁၀ ကွင်း၊ လက်ကောက် ၃၀ ကွင်း ၊ လည်ဆွဲ ၁၂ ကြိုး ဝတ်ဆင်ထားတာကြောင့် Golden Man လို့ချစ်စနိုးခေါ်ဝေါ်နေကြပြီး ရွှေနားတောင်းများ၊ ခြေချင်းဝတ်များနဲ့ ခြေချောင်းလက်စွပ်များစွာကိုလည်း ဝတ်ဆင်ခဲ့ပါတယ်။ စုစုပေါင်း ရွှေ ၅ ကီလိုဂရမ်ကျော် နေ့စဉ် ၀တ်ဆင်ပါတယ်။ ရေချိုးခြင်း၊ အိပ်တဲ့ အခါမှသာ ဖယ်ရှားပါတယ်။

JRose(Tgidailynews)

Zawgyi

အေလးခ်ိန္ ၅ ကီလိုေက်ာ္တဲ့ ေ႐ႊေတြကို ၀တ္ဆင္ကာ ၿမိဳ႕အႏွံ႔ လမ္းေလွ်ာက္ထြက္တဲ့ ေ႐ႊကို ႐ူး႐ူးမူးမူးစြဲလန္းေနတဲ့ အမ်ိဳးသားတစ္ဦး

Do Ngoc Thuan (သို႔) Seven Ball လို႔ေခၚတဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္ ဗီယက္နမ္အမ်ိဳးသားတစ္ဦးဟာ ေ႐ႊကို စြဲလန္းသူလို႔ နာမည္ႀကီးေနပါတယ္။ ဒီအမ်ိဳးသားက ႀကီးျပင္းလာတဲ့အခါ ေ႐ႊဝယ္ၿပီး လူေတြရဲ႕မ်က္လုံးကို ဆြဲေဆာင္ဖို႔ သူ႔အိပ္မက္ကို အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဟိုခ်ီမင္းၿမိဳ႕ရွိ စားေသာက္ဆိုင္နဲ႔ အခ်ိဳပြဲဆိုင္ကို ဖြင့္လွစ္ခဲ့ၿပီး ေဖာက္သည္ေတြကို ဆြဲေဆာင္ဖို႔ ေ႐ႊအေျမာက္အျမား ၀တ္ဆင္ရန္ ဆုံးျဖတ္ခဲ့ပါတယ္။

အဆိုပါအမ်ိဳးသားက လက္စြပ္ ၁၀ ကြင္း၊ လက္ေကာက္ ၃၀ ကြင္း ၊ လည္ဆြဲ ၁၂ ႀကိဳး ဝတ္ဆင္ထားတာေၾကာင့္ Golden Man လို႔ခ်စ္စႏိုးေခၚေဝၚေနၾကၿပီး ေ႐ႊနားေတာင္းမ်ား၊ ေျခခ်င္းဝတ္မ်ားနဲ႔ ေျခေခ်ာင္းလက္စြပ္မ်ားစြာကိုလည္း ဝတ္ဆင္ခဲ့ပါတယ္။ စုစုေပါင္း ေ႐ႊ ၅ ကီလိုဂရမ္ေက်ာ္ ေန႔စဥ္ ၀တ္ဆင္ပါတယ္။ ေရခ်ိဳးျခင္း၊ အိပ္တဲ့ အခါမွသာ ဖယ္ရွားပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories