အွန်လိုင်းပေါ်က တွေ့ခဲ့တဲ့ မိန်းကလေးဆီကို သွားရန် ကီလိုမီတာ ၁၂၀၀ ကျော် လမ်းလျှောက်ပြေးသွားပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

အသက် ၅၂ နှစ်အရွယ် ခွန်ဆူသက်လို့ခေါ်တဲ့ အမျိုးသားဟာ မိန်းကလေးတစ်ဦးဆီကနေ အချစ်ကိုရဖို့ ကီလိုမီတာ ၁၂၀၀ ကျော် အကွာအဝေးရှိ ပြည်နယ်အနှံ့ လမ်းလျှောက်ပြေးခဲ့ပါတယ်။ ခွန်ဆူသက်က အသက်ကြီးပေမယ့် အိမ်ထောင်ရေးတည်ဆောက်ဖို့ အဖော်ရှိချင်သေးတယ်လို့ ဆိုပါတယ်။ “ယု” ဆိုတဲ့ အသက် ၅၆ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ Tik Tok ကတစ်ဆင့် တွေ့ဆုံစကားပြောခဲ့တာ ၅ လရှိပါပြီ။

အဆိုပါအမျိုးသားက ခွန်ယုကိုလက်ထပ်ဖို့ မတောင်းဆိုခင်မှာ သူမစိတ်မပျက်စေဖို့ ဘာမဆိုလုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် သူမရှိတဲ့ ကီလိုမီတာ ၁၂၀၀ ကျော်အကွားအဝေးခရီးကို လမ်းလျှောက်ပြေးပြီး လက်ထပ်ခွင့်တောင်းရန် ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် သူမကိုလက်ထပ်ခွင့်တောင်းခြင်းဖြင့် အွန်လိုင်းအချစ်ကလည်း စစ်မှန်တဲ့ အချစ်ဖြစ်နိုင်ကြောင်း အခြားသူများကို သက်သေပြချင်ခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories