အသက် ၉၅ နှစ်ရှိပြီဖြစ်ပေမဲ့ မော်ဒယ်လ်အလုပ်ကို လုပ်ကိုင်နေဆဲဖြစ်တဲ့ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး အမျိုးသမီးမော်ဒယ်
လူအများရဲ့ စိတ်ကူးထဲမှာ မော်ဒယ်လ်လေးတွေက အရပ်မြင့်မြင့်နဲ့ ချောမောတဲ့အသွင်အပြင်မျိုး လိုအပ်တဲ့ အသက်မွေးဝမ်းကြောင်းများထဲမှ တစ်ခုဖြစ်မယ်လို့ ထင်ကြပါတယ်။ ထို့အပြင် လူငယ်မော်ဒယ်များ တိုးများလာခြင်းကြောင့် အသက်အရွယ်အားဖြင့် ငယ်ရွယ်နုပျိုမှုကို လိုအပ်မဲ့လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ စူပါမော်ဒယ် Daphne Selfe ကတော့ အသက်အရွယ်က နဲ့ မဆိုင်ကြောင်း သက်သေပြခဲ့ပါတယ်။
စူပါမော်ဒယ် Daphne Selfe ဟာ ၂၀၂၅ ခုနှစ်မှာတော့ သူမကို ကမ္ဘာ့အသက်အကြီးဆုံး မော်ဒယ်အဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ အသိအမှတ်ပြုခံခဲ့ရပါတယ်။ အသက် ၂၁ နှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ လက်ရှိအချိန်အထိ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ (၇၄) နှစ်ကြာ လှုပ်ရှားခဲ့ပြီး စိတ်ခံစားမှုအမျိုးမျိုးနဲ့ ဖက်ရှင်နယ်ပယ်မှာ အပြောင်းအလဲအမျိုးမျိုးကို ကြုံတွေ့နေရတယ်လို့ Daphne Selfe က ပြောပါတယ်။
Daphne Selfe ဟာ သူမရဲ့အစောပိုင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းစကတည်းက မော်ဒယ်ပြိုင်ပွဲတစ်ခုအနိုင်ရရှိခဲ့ပြီး ပြည်တွင်းမဂ္ဂဇင်းတစ်စောင်ရဲ့ မျက်နှာဖုံးဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမကို မော်ဒယ်အေဂျင်စီက သီးသန့် စာချုပ်ချုပ်ခဲ့ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ Daphne က အထူးသဖြင့် မော်ဒယ်လ်စျေးကွက်နဲ့ ဖက်ရှင်နယ်ပယ်မှာ နာမည်ကြီးခဲ့ပါတယ်။
Daphne Selfe က လက်ရှိမှာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပေမဲ့ ယုံကြည်မှုအပြည့်ဖြင့် အနုပညာလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ထို့အပြင် သားသမီး(၃)ယောက်နဲ့ မြေး(၄)ယောက်ရှိတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။
JRose(Tgidailynews)
Zawgyi
JRose(Tgidailynews)
  • Leave a Comment
Categories