သင်္ချိုင်းအနားမှာရှိတဲ့ လယ်ကွင်းကို စောင့်ရှောက်ဖို့ မကြောက်မလန့်နဲ့ သင်္ချိုင်းမှာ အနှစ် ၂၀ ကျော် အိပ်ခဲ့တဲ့ အမျိုးသား

လူတော်တော်များများမှာ ထူးဆန်းတဲ့အလေ့အထတွေရှိကြပြီး တခြားသူတွေက သူတို့ကို အံ့သြပြီး နားလည်ရခက်စေပါတယ်။ ပုံမှန်အားဖြင့် သင်္ချိုင်းမှာ အိပ်ရတာကြိုက်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဇာတ်လမ်းကို မကြာသေးခင်ကမှ Doc La Binh Duong fanpage မှာ ဝေမျှခဲ့ပါတယ်။ အသက် ၅၀ အမျိုးသားဟာ ခက်ခဲတဲ့ဘဝရှိပြီး ပစ္စည်းချို့တဲ့တယ်လို့ ပြင်ပလူများက ထင်ကောင်းထင်နိုင်သောကြောင့် သူဟာ င်္သချိုင်းပေါ်မှာသာ အိပ်နေရပါတယ်။

ဒါပေမဲ့ သူ့မှာ ဇနီးနဲ့ သင့်တော်တဲ့အိမ်ရှိကြောင်း လူအနည်းငယ်က သိကြပါတယ်။ သူအိပ်တဲ့ င်္သချိုင်းမှာ အသိမိတ်ဆွေတွေပိုင်တာ ဖြစ်လို့ သူက အကြောက်မလွန်ဘဲ သက်တောင့်သက်သာရှိပြီး အိမ်အတိုင်း နေခဲ့ပါတယ်။ သူ့မှာ လယ် ၇ ဧက ရှိပြီး သူ့လယ်လုပ်ငန်းကနေ တစ်နှစ်ကို ဒေါင် သန်း ၂၀၀ လောက် ရပါတယ်။ ယခုအချိန်အထိ သူက သင်္ချိုင်းမှာ နှစ်ပေါင်း (၂၀)ကျော် နေထိုင်ခဲ့ပါတယ်။ လူအနည်းငယ်ကဘဲ ဒီလိုလူမျိုး ထူးဆန်းတဲ့နေရာတစ်ခုမှာ နေရဲပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories