ယခင်အိမ်ထောင်ရေး ပြိုကွဲသွားပြီးနောက် ၃၆ နှစ်ကြာ သူငယ်ချင်းဖြစ်လာခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အဘွားကို လက်ထပ်လိုက်တဲ့ အသက် ၇၈ နှစ်အရွယ်အဘိုး

အချစ်ဆိုတာ အလွန်မှော်ဆန်တဲ့ ခံစားမှုတစ်ခုပါ။ လူတစ်ဦးကို ချစ်မိတဲ့အခါ၊ အသွင်အပြင်၊ မိသားစုနောက်ခံ၊ အသက်၊ စသည်ဖြင့် အတားအဆီးအားလုံးကို အလွယ်တကူ လျစ်လျူရှုနိုင်ပါတယ်။ အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၃၆ နှစ်ကြာ သူငယ်ချင်းဖြစ်ခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ထိုင်းနိုင်ငံ၊ ဘူရီရမ်ပြည်နယ်၊ ဘန်ရတ်ရတ်ဒန်ကျေးရွာမှာ ရိုးရှင်းတဲ့ မင်္ဂလာပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဒီမင်္ဂလာပွဲကို အနီးနားကျေးရွာမှာရှိတဲ့ ဆွေမျိုးသားချင်းတွေနဲ့ သားသမီးတွေ ပါ၀င်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အငွေ့အသက်တွေနဲ့ ကျင်းပခဲ့တာပါ။ သတို့သမီးနဲ့ သတို့သားနှစ်ဦးစလုံးက သန့်ရှင်းတောက်ပြောင်တဲ့ အဝတ်များကိုသာ ဝတ်ဆင်ကြပေမဲ့ ပျော်ရွှင်မှုတို့က သူတို့ရဲ့ မျက်လုံးထဲမှာ တောက်ပနေဆဲဖြစ်ပါတယ်။ ဒီအဘိုးအဘွား နှစ်ဦးစလုံးမှာ ယခင်အိမ်ထောင်ရှိခဲ့ကြောင်း သိရှိရပါတယ်။

အဖိုးအိုက တယောက်တည်း နေထိုင်လာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ သူ့မှာ ကလေး ၃ ယောက်ရှိပေမယ့် အားလုံးက ကြီးပြင်းလာကြပြီး မိသားစုတွေ ရှိပါတယ်။ ဒီလင်မယားက အသက်ကြီးပေမဲ့ သတို့သားရဲ့မိသားစုက ရိုးရာဓလေ့ထုံးတမ်းများကို လိုက်နာဆဲဖြစ်ပြီး သတို့သမီးမင်္ဂလာဆောင်အတွက် ဘတ်ငွေ ၂၀၀၀၀ ယူဆောင်လာကြပါတယ်။ အခုမြင်နိုင်သလို အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုမျှသာဖြစ်ပြီး စိတ်ရင်းမှန်နဲ့ချစ်နေသရွေ့ မကြာခင်မှာ ပျော်ရွှင်မှုတွေကို ကျွန်ုပ်တို့ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်မှာပါ။

JRose(Tgidailynews)

Zawgyi

ယခင္အိမ္ေထာင္ေရး ၿပိဳကြဲသြားၿပီးေနာက္ ၃၆ ႏွစ္ၾကာ သူငယ္ခ်င္းျဖစ္လာခဲ့တဲ့ အသက္ ၆၈ ႏွစ္အ႐ြယ္ အဘြားကို လက္ထပ္လိုက္တဲ့ အသက္ ၇၈ ႏွစ္အ႐ြယ္အဘိုး

အခ်စ္ဆိုတာ အလြန္ေမွာ္ဆန္တဲ့ ခံစားမႈတစ္ခုပါ။ လူတစ္ဦးကို ခ်စ္မိတဲ့အခါ၊ အသြင္အျပင္၊ မိသားစုေနာက္ခံ၊ အသက္၊ စသည္ျဖင့္ အတားအဆီးအားလုံးကို အလြယ္တကူ လ်စ္လ်ဴရႈႏိုင္ပါတယ္။ အသက္ ၇၈ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးနဲ႔ ၃၆ ႏွစ္ၾကာ သူငယ္ခ်င္းျဖစ္ခဲ့တဲ့ အသက္ ၆၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ ထိုင္းႏိုင္ငံ၊ ဘူရီရမ္ျပည္နယ္၊ ဘန္ရတ္ရတ္ဒန္ေက်း႐ြာမွာ ႐ိုးရွင္းတဲ့ မဂၤလာပြဲတစ္ရပ္ က်င္းပခဲ့ေၾကာင္း သိရပါတယ္။

ဒီမဂၤလာပြဲကို အနီးနားေက်း႐ြာမွာရွိတဲ့ ေဆြမ်ိဳးသားခ်င္းေတြနဲ႔ သားသမီးေတြ ပါ၀င္ၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အေငြ႕အသက္ေတြနဲ႔ က်င္းပခဲ့တာပါ။ သတို႔သမီးနဲ႔ သတို႔သားႏွစ္ဦးစလုံးက သန႔္ရွင္းေတာက္ေျပာင္တဲ့ အဝတ္မ်ားကိုသာ ဝတ္ဆင္ၾကေပမဲ့ ေပ်ာ္႐ႊင္မႈတို႔က သူတို႔ရဲ႕ မ်က္လုံးထဲမွာ ေတာက္ပေနဆဲျဖစ္ပါတယ္။ ဒီအဘိုးအဘြား ႏွစ္ဦးစလုံးမွာ ယခင္အိမ္ေထာင္ရွိခဲ့ေၾကာင္း သိရွိရပါတယ္။

အဖိုးအိုက တေယာက္တည္း ေနထိုင္လာတာ ႏွစ္ေပါင္း ၃၀ ေက်ာ္ပါၿပီ။ သူ႔မွာ ကေလး ၃ ေယာက္ရွိေပမယ့္ အားလုံးက ႀကီးျပင္းလာၾကၿပီး မိသားစုေတြ ရွိပါတယ္။ ဒီလင္မယားက အသက္ႀကီးေပမဲ့ သတို႔သားရဲ႕မိသားစုက ႐ိုးရာဓေလ့ထုံးတမ္းမ်ားကို လိုက္နာဆဲျဖစ္ၿပီး သတို႔သမီးမဂၤလာေဆာင္အတြက္ ဘတ္ေငြ ၂၀၀၀၀ ယူေဆာင္လာၾကပါတယ္။ အခုျမင္ႏိုင္သလို အသက္အ႐ြယ္ဆိုတာ ကိန္းဂဏန္းတစ္ခုမွ်သာျဖစ္ၿပီး စိတ္ရင္းမွန္နဲ႔ခ်စ္ေနသေ႐ြ႕ မၾကာခင္မွာ ေပ်ာ္႐ႊင္မႈေတြကို ကြၽႏ္ုပ္တို႔ကိုယ္တိုင္ ရွာေဖြေတြ႕ရွိႏိုင္မွာပါ။

JRose(Tgidailynews)

  • Leave a Comment

Categories