ဦးနှောက်အကျိတ်ရောဂါခံစားရပြီး အမြင်အာရုံဆုံးရှုံးခဲ့တဲ့ အမျိုးသမီးဟာ ၄၁ နှစ်ကြာအောင် အစာမစားဘဲ ရေသာသောက်ခဲ့ပြီးနောက် ရောဂါအားလုံး ပျောက်ကင်းသွားခဲ့

မကြာသေးမီက ဗီယက်နမ်နိုင်ငံ၊ Long An ပြည်နယ်မှာ နေထိုင်တဲ့ မစ္စ ငုယင်သီငွန်ဟာ အသက် ၂၁ နှစ်အရွယ်မှာ ဦးနှောက်အကျိတ်ရောဂါ တွေ့ရှိခဲ့ပြီး ၄၁ နှစ်ကြာအောင် ဆား၊ သံပုရာသီးနဲ့ သကြားတို့ကို ရေအဖြစ် ရောစပ်ပြီး သောက်ခဲ့ပါတယ်။ အစပိုင်းမှာ ဆေးသောက်ဖို့ ဆေးရုံကို သွားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ မျက်လုံးတစ်ဖက်က အမြင်အာရုံ ဆုံးရှုံးသွားပါတယ်။ ဆေးရုံမှ ဆရာဝန်များက သူမကို ခွဲစိတ်မှုပြုလုပ်ရင် အခွင့်အလမ်း 50/50 သာရှိပြီး တစ်ခုခုမှားသွားပါက သူမဟာ မျက်မမြင်ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စငွန်က ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သွေးစစ်တဲ့အခါမှာ သွေးရောဂါရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ မစ္စငွန်က သိပ္ပံနည်းကျ မှန်ကန်တဲ့ ကုသနည်းအားလုံးဟာ ထိရောက်မှုမရှိတဲ့အတွက် ဆရာဝန်တစ်ဦးက မစ္စငွန်ကို သနားစိတ်ဖြင့် မျက်လုံးကို သက်သာအောင် တစ်ခုတည်းတဲ့ နည်းလမ်းမှာ ရေသောက်ရန် အကြံပြုခဲ့ပါတယ်။ ထို့ကြောင့် မစ္စငွန်က အစာမစားဘဲ ရေဘဲသောက်ခဲ့ပါတယ်။

ဒါပေမယ့် မိသားစုတစ်စုလုံးက သူမကို တားဆီးပေမဲ့ မနိုင်ခဲ့ပါဘူး။ ၂၁ ရက်ကြာ ရေသောက်ပြီးနောက် သူမနိုးလာတဲ့အခါ စကားလုံးက သူမရဲ့ မျက်လုံးများရှေ့မှာ မှုန်ဝါးဝါး ရုတ်တရက် မြင်လိုက်ရပါတယ်။ သူမ အရမ်းပျော်နေပြီး တစ်လနီးပါး ရေကို ဆက်သောက်ရင်း မျက်လုံးတွေ တဖြည်းဖြည်း သက်သာလာတာကို တွေ့ရပါတယ်။ ၃လလောက်ကြာတော့ သူ့ခြေလက်တွေ သန်မာလာပြီး ရက်ပေါင်း ၅၀ အတွင်းမှာ မစ္စငွန်ရဲ့ ရောဂါများ အားလုံး သက်သာရာရခဲ့ပါတယ်။

ဓာတ်မှန်ရိုက်ဖို့ ဆေးရုံသွားတဲ့အခါ ဦးနှောက်ထဲက အကျိတ်ဟာ အလိုလို ပျောက်သွားပါတယ်။ အသက် ၅၃ နှစ်ဝန်းကျင်မှာ မစ္စငွန်က ရေကို သောက်ရုံဖြင့် သွေးရောဂါ လုံးဝပျောက်ကင်းသွားခဲ့ပါတယ်။ သူမသောက်ခဲ့တဲ့ရေက ဆားရောစပ်ပြီး သံပုရာရည်သောက်တာအပြင် နေ့တိုင်း အုန်းရေ၊ ကြံရည် ဒါမှမဟုတ် လိမ္မော်သီးဖျော်ရည်ကို အလှည့်ကျ သောက်ပါတယ်။ အဆိုပါ ကုသမှုနည်းလမ်းက အလွန်ထူးဆန်းပါတယ်။

JRose(Tgidailynews)

Zawgyi






JRose(Tgidailynews)

  • Leave a Comment

Categories