အခြားနွားများနဲ့မတူဘဲ မွေးကတည်းက မိခင်နွားမရဲ့ နို့ကို သောက်ရန် ငြင်းဆန်ပြီး သခင်ဖြစ်သူရဲ့ နောက်ကိုသာ အမြဲလိုက်ကပ်နေတဲ့ နွားပေါက်လေး

မစ္စစ်တမ်အမည်ရှိ အမျိုးသမီးတစ်ဦးရဲ့ အဆိုအရ သူမရဲ့ နွားပေါက်လေးဟာ ၂ လခန့် မွေးဖွားခဲ့ပြီး မိခင်နွားနောက်မလိုက်ဘဲ သူမရဲ့ နောက်ကိုသာ လိုက်လာခဲ့ပါတယ်။ ထို့အပြင် နွားပေါက်လေးက မိခင်နွားရဲ့ နို့ကို မသောက်ဘဲ မြက်စားဖို့ ငြင်းဆန်နေတာကိုတွေ့တော့ မစ္စစ်တမ်က နို့ချိုထုပ်ကို ကျွေးခဲ့ပါတယ်။ နွားပေါက်က နို့တစ်ထုပ်လျှင် ဒေါင် 300,000 ကုန်ကျပြီး 5 ရက်တိုင်း သောက်ပါတယ်။ ငွေပမာဏများစွာ ကုန်ကျတာဖြစ်လို့ မိသားစုက မိခင်ရဲ့နွားနို့သောက်ရန် လေ့ကျင့်ပေးခဲ့ပါတယ်။

ဒါပေမဲ့ နွားပေါက်လေးက အခြားသူကျွေးတဲ့ နွားနို့ကို မသောက်ဘဲ မစ္စတမ် ကျွေးတဲ့အခါမှသာ သောက်ပါတယ်။ မစ္စတမ် ဘယ်သွားသွား နွားပေါက်လေးက နောက်ကနေ တကောက်ကောက်လိုက်နေပါတယ်။ မိခင်နွားနောက်ကို လိုက်ရန် ငြင်းဆန်တဲ့ နွားကလေးတစ်ကောင်ရဲ့ အဖြစ်ကို မျှဝေပြီးနောက် ဒီနွားတော်တော်ထူးဆန်းတဲ့ နွားလို့ခေါ်ပြီး လူအများက အံ့ဩခဲ့ကြပါတယ်။

JRose(Tgidialynews)

Zawgyi




JRose(Tgidialynews)

  • Leave a Comment

Categories