ချစ်သူသေဆုံးတာ ၁၈ နှစ်ကြာပြီဆိုပေမဲ့ ချစ်သူရဲ့ အုတ်ဂူဆီသွားလည်ပြီး အမြဲသတိတရရှိနေဆဲဖြစ်တဲ့ အမျိုးသား

မကြာသေးမီက TikTok အကောင့် HB မှ ကွယ်လွန်သွားတဲ့ ချစ်သူရည်းစားရဲ့ အုတ်ဂူကို အလည်အပတ်ရောက်ရှိနေတဲ့ လူငယ်တစ်ဦးရဲ့ ပုံရိပ်ကို မှတ်တမ်းတင်ထားပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးဟာ အသီးအနှံကိတ်မုန့်တွေနဲ့ အမွှေးနံ့သာပန်းတွေကို သယ်ဆောင်ပြီး ခရီးဝေးက သူ့ချစ်သူရဲ့ အုတ်ဂူကို သွားလည်ခဲ့ပါတယ်။ ထို့နောက် အမျိုးသားဟာ သင်္ချိုင်းတွင်းရှိ အမှိုက်များကို သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းပြီး သူ့ရဲ့ချစ်သူ ကျေနပ်စေရန်အတွက် ဖြစ်ပါတယ်။

သူနဲ့သူ့ကောင်မလေးဟာ ကွဲကွာနေတာ (၁၈)နှစ်ရှိပြီဖြစ်ပေမယ့် ကောင်မလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကတော့ အမြဲရှိနေမှာပါ။ ဗီဒီယိုဖိုင်ကို လွှင့်တင်ပြီးပြီးချင်းမှာပဲ လူတော်တော်များများက မထိန်းနိုင်ဘဲ မျက်ရည်ကျခဲ့ကြပါတယ်။ လူတိုင်းက သူ့ရည်းစားဟောင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို သဘောကျကြပါတယ်။ လူအများက သူ့ကို အားပေးနှစ်သိမ့်စကားတွေ ပြောပေးကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories