အိမ်ပြန်လာမဲ့အကြောင်း မိဘကို သတိမပေးတဲ့အပြင် ညည့်နက်မှ ပြန်ရောက်လို့ မိဘတွေ အိမ်ပျော်ကုန်ကြပြီး အိမ်ပြင်မှာ အကြာကြီးစောင့်နေခဲ့ရတဲ့ မိန်းကလေး

တစ်နှစ်ပတ်လုံး အိမ်နဲ့ဝေးရာ အလုပ်သွား၊ ကျောင်းသွားရတဲ့ ကလေးတွေဟာ မိဘတွေနဲ့ ဆုံဆည်းဖို့ အိမ်ပြန်လာကြပါတယ်။ ဒါပေမဲ့ မကြာသေးမီက မိန်းကလေးဟာ မွေးရပ်မြေကို ပြန်လာပြီး သူမရဲ့မိသားစုတစ်စုလုံးက အိပ်ပျော်သွားတာကြောင့် အပြင်မှာ ရပ်စောင့်ခဲ့ရပါတယ်။ အထူးသဖြင့် မိန်းကလေးက မမျှော်လင့်ဘဲ ပြန်လာတာဆိုတော့ မိဘတွေ အိပ်ပျော်ကုန်ပြီး ၂ နာရီလောက် အိမ်ပြင်မှာ ထိုင်စောင့်ခဲ့ရပါတယ်။

မိသားစုကို အကြိမ် ၈၀ လောက် ဖုန်းဆက်ပြီး ဘယ်သူမှ ဖုန်းမကိုင်ခဲ့ပါဘူး။ ထို့နောက် အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်တော့ တံခါးဖွင့်ရန် မိခင်က ပြေးလာခဲ့ပါတယ်။ မိန်းကလေးက ဂိတ်ဝမှာ တစ်ညလုံး စောင့်ခဲ့ရလာဆိုတာ မရှင်းမလင်းပေမယ့် သူမအတွက် မမေ့နိုင်စရာ အမှတ်တရတစ်ခု ဖြစ်မှာ သေချာပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories