အခန်းသန့်ရှင်းရေးလုပ်နေချိန် ခုတင်အောက်က ခင်ပွန်းသည်ဝှက်ထားတဲ့ ပိုက်ဆံမြောက်များစွာကို တွေ့တော့ အံ့ဩစွာ ရယ်မောနေခဲ့တဲ့ ဇနီး

တရုတ်နှစ်သစ်ကူး နီးကပ်လာတာနဲ့အမျှ လူတော်တော်များများက သူတို့ရဲ့ အိမ်တွေကို သန့်ရှင်းရေးလုပ်ကြပါတယ်။ ဒါပေမယ့် ဒီအချိန် သန့်ရှင်းရေးလုပ်ရင် ကြီးကျယ်တဲ့ကံကြမ္မာကို ယူဆောင်လာမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။ အထူးသဖြင့် တရုတ်နှစ်သစ်ကူးအတွက် အိမ်သန့်ရှင်းရေးလုပ်နေတဲ့ တရုတ်အမျိုးသမီးဟာ အိပ်ယာခုတင်အောက်မှာ ခင်ပွန်းဖြစ်သူရဲ့ ပိုက်ဆံတွေကို မတော်တဆ တွေ့ခဲ့ပါတယ်။

ငွေစက္ကူများက အမြောက်အများရှိနေတာကို မြင်တဲ့အခါ သူမ ထိန်းမနိုင်သိမ်းမရ ရယ်မောမိခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူက အိပ်ခန်းထဲမှ ဇနီးဖြစ်သူရဲ့ ရယ်သံကို ကြားလိုက်ရတာနဲ့ ချက်ချင်းပင် တုန်တုန်ယင်ယင်နဲ့ ပြေးကြည့်ခဲ့ပါတယ်။ အိပ်ခန်းထဲကို ရောက်တဲ့အခါ ဇနီးဖြစ်သူ ရယ်မောပြီး အိပ်ယာအောက်မှာ ဝှက်ထားတဲ့ ပိုက်ဆံတွေကို စုဆောင်းဖို့ ကြိုးစားနေတာကို သူတွေ့လိုက်ရပါတယ်။ ထိုငွေက တစ်နှစ်ပတ်လုံး သိမ်းဆည်းထားခဲ့တဲ့ သူ့ရဲ့ စုဆောင်းငွေဖြစ်ကြောင်း ခင်ပွန်းဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

အခန္းသန႔္ရွင္းေရးလုပ္ေနခ်ိန္ ခုတင္ေအာက္က ခင္ပြန္းသည္ဝွက္ထားတဲ့ ပိုက္ဆံေျမာက္မ်ားစြာကို ေတြ႕ေတာ့ အံ့ဩစြာ ရယ္ေမာေနခဲ့တဲ့ ဇနီး

တ႐ုတ္ႏွစ္သစ္ကူး နီးကပ္လာတာနဲ႔အမွ် လူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ အိမ္ေတြကို သန႔္ရွင္းေရးလုပ္ၾကပါတယ္။ ဒါေပမယ့္ ဒီအခ်ိန္ သန႔္ရွင္းေရးလုပ္ရင္ ႀကီးက်ယ္တဲ့ကံၾကမၼာကို ယူေဆာင္လာမယ္ဆိုတာ ဘယ္သူသိႏိုင္မလဲ။ အထူးသျဖင့္ တ႐ုတ္ႏွစ္သစ္ကူးအတြက္ အိမ္သန႔္ရွင္းေရးလုပ္ေနတဲ့ တ႐ုတ္အမ်ိဳးသမီးဟာ အိပ္ယာခုတင္ေအာက္မွာ ခင္ပြန္းျဖစ္သူရဲ႕ ပိုက္ဆံေတြကို မေတာ္တဆ ေတြ႕ခဲ့ပါတယ္။

ေငြစကၠဴမ်ားက အေျမာက္အမ်ားရွိေနတာကို ျမင္တဲ့အခါ သူမ ထိန္းမႏိုင္သိမ္းမရ ရယ္ေမာမိခဲ့ပါတယ္။
ခင္ပြန္းျဖစ္သူက အိပ္ခန္းထဲမွ ဇနီးျဖစ္သူရဲ႕ ရယ္သံကို ၾကားလိုက္ရတာနဲ႔ ခ်က္ခ်င္းပင္ တုန္တုန္ယင္ယင္နဲ႔ ေျပးၾကည့္ခဲ့ပါတယ္။ အိပ္ခန္းထဲကို ေရာက္တဲ့အခါ ဇနီးျဖစ္သူ ရယ္ေမာၿပီး အိပ္ယာေအာက္မွာ ဝွက္ထားတဲ့ ပိုက္ဆံေတြကို စုေဆာင္းဖို႔ ႀကိဳးစားေနတာကို သူေတြ႕လိုက္ရပါတယ္။ ထိုေငြက တစ္ႏွစ္ပတ္လုံး သိမ္းဆည္းထားခဲ့တဲ့ သူ႔ရဲ႕ စုေဆာင္းေငြျဖစ္ေၾကာင္း ခင္ပြန္းျဖစ္သူက ဖြင့္ဟခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories