အခက်အခဲကြောင့် ကုမ္ပဏီပိတ်ခဲ့ရပြီး အလုပ်သမားတစ်ဦးစီကို တောင်းပန်ဖို့ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ သူဌေးရဲ့ ဝမ်းနည်းစရာအခိုက်အတန့်

လူများစွာအတွက် ကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းခွင်က အသက်မွေးဝမ်းကြောင်းပြုရာနေရာတစ်ခုသာမက လုပ်ဖော်ကိုင်ဖက်များ၊ ဝန်ထမ်းများနဲ့ သူဌေးများကြားမှာ ရင်းနှီးတဲ့ ခံစားချက်များပါရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် လမ်းခွဲရမယ်ဆိုရင် အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ မကြာသေးမီက TikTok အကောင့်တစ်ခုမှ သူဌေးဟာ တစ်ဦးချင်းစီကို နှုတ်ဆက်ရန် အလုပ်ရုံသို့ ဆင်းသွားတဲ့ အခိုက်အတန့်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ်။

ကလစ်ထဲမှာ အလုပ်ရုံအလယ် နူးညံ့သိမ်မွေ့တဲ့ သူဌေးတစ်ဦးရဲ့ ပုံရိပ်ဖြစ်ပါတယ်။ သူက လူတိုင်းကို အကြိမ်ကြိမ် ခေါင်းညိတ်ပြပြီး အလုပ်သမားတွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ အလုပ်သမားတွေနဲ့ ခွဲခွါရတဲ့အခိုက်အတန့်မို့ သူ့ပါးစပ်က ပြုံးနေသေးပေမယ့် မျက်လုံးတွေက ဝမ်းနည်းမှုတွေ ပြည့်နှက်နေဆဲပါ။ ဗီဒီယိုပိုင်ရှင်က ၎င်းဟာ အခက်အခဲတစ်ခုကြောင့် ကုမ္ပဏီကို ပိတ်ခဲ့ရကြောင်း ထပ်မံဖော်ပြခဲ့ပါတယ်။ တုံ့ပြန်တဲ့အနေဖြင့် ကုမ္ပဏီဝန်ထမ်းများကလည်း အလွန်စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

ညီအစ်ကိုညီအစ်မတွေနဲ့အတူ နောက်ဆုံးအစားအစာကို စားခဲ့ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ကိုယ်စီရှိတာကြောင့် မျိုချနိုင်ပုံမပေါ်ပါဘူး။ ဒီအခင်းအကျင်းကို မြင်တွေ့ရတဲ့ ကြည့်ရှုသူတော်တော်များများက သူတို့ရဲ့စာနာမှုကို ဖော်ပြကြပြီး ခက်ခဲတဲ့ကာလကို အမြန်ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။ တခါတရံမှာ ဝန်ထမ်းတွေက လစာကြောင့်သာမက လုပ်ဖော်ကိုင်ဖက်များနဲ့ စီမံခန့်ခွဲမှုကြောင့်လည်း အလုပ်မှာ စွဲမြဲနေကြတာကို တွေ့ရပါတယ်။

JRose(Tgidailynews)

Zawgyi

အခက္အခဲေၾကာင့္ ကုမၸဏီပိတ္ခဲ့ရၿပီး အလုပ္သမားတစ္ဦးစီကို ေတာင္းပန္ဖို႔ လက္ဆြဲႏႈတ္ဆက္ခဲ့တဲ့ သူေဌးရဲ႕ ဝမ္းနည္းစရာအခိုက္အတန္႔

လူမ်ားစြာအတြက္ ကုမၸဏီတစ္ခု သို႔မဟုတ္ လုပ္ငန္းခြင္က အသက္ေမြးဝမ္းေၾကာင္းျပဳရာေနရာတစ္ခုသာမက လုပ္ေဖာ္ကိုင္ဖက္မ်ား၊ ဝန္ထမ္းမ်ားနဲ႔ သူေဌးမ်ားၾကားမွာ ရင္းႏွီးတဲ့ ခံစားခ်က္မ်ားပါရွိပါတယ္။ အေၾကာင္းတစ္ခုခုေၾကာင့္ လမ္းခြဲရမယ္ဆိုရင္ အရမ္းဝမ္းနည္းဖို႔ေကာင္းပါတယ္။ မၾကာေသးမီက TikTok အေကာင့္တစ္ခုမွ သူေဌးဟာ တစ္ဦးခ်င္းစီကို ႏႈတ္ဆက္ရန္ အလုပ္႐ုံသို႔ ဆင္းသြားတဲ့ အခိုက္အတန႔္ကို မွတ္တမ္းတင္ထားတဲ့ ဗီဒီယိုဖိုင္ကို တင္ခဲ့ပါတယ္။

ကလစ္ထဲမွာ အလုပ္႐ုံအလယ္ ႏူးညံ့သိမ္ေမြ႕တဲ့ သူေဌးတစ္ဦးရဲ႕ ပုံရိပ္ျဖစ္ပါတယ္။ သူက လူတိုင္းကို အႀကိမ္ႀကိမ္ ေခါင္းညိတ္ျပၿပီး အလုပ္သမားေတြနဲ႔ လက္ဆြဲႏႈတ္ဆက္ခဲ့ပါတယ္။ အလုပ္သမားေတြနဲ႔ ခြဲခြါရတဲ့အခိုက္အတန႔္မို႔ သူ႔ပါးစပ္က ၿပဳံးေနေသးေပမယ့္ မ်က္လုံးေတြက ဝမ္းနည္းမႈေတြ ျပည့္ႏွက္ေနဆဲပါ။ ဗီဒီယိုပိုင္ရွင္က ၎ဟာ အခက္အခဲတစ္ခုေၾကာင့္ ကုမၸဏီကို ပိတ္ခဲ့ရေၾကာင္း ထပ္မံေဖာ္ျပခဲ့ပါတယ္။ တုံ႔ျပန္တဲ့အေနျဖင့္ ကုမၸဏီဝန္ထမ္းမ်ားကလည္း အလြန္စိတ္မေကာင္းျဖစ္ခဲ့ၾကပါတယ္။

ညီအစ္ကိုညီအစ္မေတြနဲ႔အတူ ေနာက္ဆုံးအစားအစာကို စားခဲ့ၾကေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ခံစားခ်က္ကိုယ္စီရွိတာေၾကာင့္ မ်ိဳခ်ႏိုင္ပုံမေပၚပါဘူး။ ဒီအခင္းအက်င္းကို ျမင္ေတြ႕ရတဲ့ ၾကည့္ရႈသူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕စာနာမႈကို ေဖာ္ျပၾကၿပီး ခက္ခဲတဲ့ကာလကို အျမန္ေက်ာ္ျဖတ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးခဲ့ၾကပါတယ္။ တခါတရံမွာ ဝန္ထမ္းေတြက လစာေၾကာင့္သာမက လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ စီမံခန႔္ခြဲမႈေၾကာင့္လည္း အလုပ္မွာ စြဲၿမဲေနၾကတာကို ေတြ႕ရပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories