နိုင်ငံခြားသတင်းဌာနတွေက ကမ္ဘာတဝှမ်းမှာ ပျံ့နှံ့ခဲ့ဖူးတဲ့ မိန်းကလေးတစ်ဦးရဲ့ သီးသန့်အင်တာဗျူးတစ်ခုကို ဖော်ပြခဲ့ပါတယ်။ စကော့တလန်နိုင်ငံ၊ Edinburgh မြို့မှ Jane Park အမည်ရှိ အသက် ၁၇ နှစ် မိန်းကလေးဟာ UK ရဲ့ အသက်အငယ်ဆုံး EuroMillions ဆုရှင်ဖြစ်ပြီး ပေါင် ၁ သန်း ရရှိခဲ့ပါတယ်။ သူမရဲ့အောင်ပွဲအတွက် နောင်တရမိတာက အွန်လိုင်းမှ နှောင့်ယှက်မှုကြောင့် လူသိရှင်ကြား ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ သူမရဲ့ ပိုက်ဆံတွေကို ဘယ်လိုစီမံခန့်ခွဲရမလဲလို့ ဒေါက်တာ Phil ကမေးတော့ Jane က “ပေါင်တစ်သန်းရဲ့တန်ဖိုးကို ကျွန်တော် တစ်ခါမှ မသိခဲ့ဘူး။ ဒီလိုပိုက်ဆံမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့အရာတွေကို အမြဲဝယ်ခဲ့တယ်” လို့ ဖြေခဲ့ပါတယ်။
ထို့အပြင် Jane ဟာ အလှကုန်အတွက် ပေါင် ၅၀၀၀၀ ခန့်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အစောပိုင်းက သူမဟာ အိမ်အသစ်၊ ကားတစ်စီး ဝယ်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ သူမရဲ့ သုံးစွဲမှုတွေကြောင့် လူတွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
JRose(Tgidailynews)
Zawgyi
ထီ ပေါင် ၁ သန်း ပေါက်ပြီး ၁၀ နှစ်အတွင်း ပိုက်ဆံမြောက်များစွာ သုံးဖြုန်းခဲ့တဲ့အတွက် လူတွေ ဝေဖန်ခံရတဲ့ အသက် ၁၇ နှစ်မိန်းကလေး
JRose(Tgidailynews)