




credit – Myanmarload

Unicode

ကံကောင်းစွာနဲ့ကိုယ်တိုင်လွယ်စရာမလိုဘဲ အိမ်ကိုရောက်လာတဲ့ ဝမ်းမနာသမီးလေးရသွားပြီဖြစ်လို့ ပျော်ရွှင်နေတဲ့ သန္တာလှိုင်

မော်ဒယ်လ်သန္တာလှိုင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အချိုးအစားပြေပြစ်ပြီး သွယ်လျလှပတဲ့ အမိုက်စားကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ သူမကတော့ ကံကောင်းစွာနဲ့ ကိုယ်တိုင်လွယ်စရာမလိုပဲ အလိုလိုနေရင်း အိမ်ကိုရောက်လာတဲ့ သမီးလေးကို ကြည့်ပြီးပျော်ရွှင်နေခဲ့ပါတယ်။

သူမကတော့ ” T’s Workshop မှ သားသားမီးမီးလေးတွေ ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်းလေးတွေ အတွက် Certified Trainers များနဲ့ အနီးကပ် ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့သေချာ တင်ဆက်ပေးထားတဲ့ Workout Boost for Fertility Class အတန်းက အောက်တိုဘာလ ၂၅ ရက်နေ့ ဆို စပြီနော်။ဆရာများရဲ့ အချိန်အပေါ်မူတည်ပြီး လူဦးရေ နဲ့ အချိန်တွေကန့်သတ်ရှိတဲ့အတွက် နေရာကြိုဦးထားမှ ရပါမယ် “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ ” ကျွန်မကတော့ ကံကောင်းစွာနဲ့ ကိုယ်တိုင်လွယ်စရာမလိုပဲ အလိုလိုနေရင်း အိမ်ကိုရာက်လာတဲ့ ဝမ်းမနာသမီးလေး ရသွားပြီသမီလေးကို နာမည်ရွေးပေးရအုံးမယ် ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ကလေးလေးကို ချီပြီးပျော်ရွှင်နေတဲ့ သန္တာလှိုင်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : သန္တာလှိုင် Thandar Hlaing

credit – Myanmarload

  • Leave a Comment