ဘွဲ့ရရှိပြီးနောက် ဆရာမအဖြစ်လုပ်ကိုင်တဲ့ သမီးက တည်ငြိမ်လွန်းတာကြောင့် သမီးလေး အပျိုဖြစ်မှာကို စိုးရိမ်နေတဲ့ မိခင်

အချို့သော မိဘတွေက ကလေးများကို ပညာရေးမှာ ထူးချွန်ရန် ဖိအားများစွာပေးကြပါတယ်။ မကြာသေးမီက တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှအမျိုးသမီးတစ်ဦးဟာ ကနေဒါမှာ Ph.D ဘာသာရပ်ကို ပြီးမြောက်ပြီးနောက်၊ သူမဟာ ဒေသတွင်း တက္ကသိုလ်တစ်ခုမှာ ဆရာမအဖြစ် စတင်လုပ်ကိုင်ခဲ့တယ်လို့ သူမရဲ့မိခင်က ရှင်းပြခဲ့ပါတယ်။ သမီးရဲ့အောင်မြင်မှုတွေအတွက် ကျေနပ်ဂုဏ်ယူမိတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ဒါပေမဲ့လည်း သူ့သမီးက လူမှုဆက်ဆံရေးကို မကြိုက်ဘဲ အိမ်မှာ စာလုပ်ရတာကို နှစ်သက်တဲ့အတွက် သူ့အမေက သမီးလေးအပျိုကြီးဖြစ်ပြီး အထီးကျန်နေမှာကို စိုးရိမ်နေပါတယ်။ “သမီးက စာကျက်ရတာ ဝါသနာပါပြီး လူမှုရေးလည်း မရှိဘူး” လို့ မိခင်ဖြစ်သူက ငိုကြွေးပြီးပြောခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories