ဘားမှာ DJ နဲ့ မြူးကြွကာ ကခုန်ရင်း လူငယ်တွေကို အားကျစေခဲ့တဲ့ အသက် ၈၀ အရွယ် အဖွား

လူတော်တော်များများရဲ့ စိတ်ကူးထဲမှာ အသက် ၈၀ အရွယ်ရောက်ရင် ငယ်ငယ်တုန်းကလောက် မကျန်းမာကြပါဘူး။ သက်ကြီးရွယ်အိုအများစုက ၎င်းတို့ရဲ့ သားသမီးမြေးများနဲ့ ကစားခြင်း (သို့) အိမ်နီးနားချင်းများနဲ့ စကားစမြည်ပြောခြင်းသာဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ အဘိုးအဘွားတွေက သားသမီး မြေးများနဲ့အတူ ပေါ့ပေါ့ဆဆ ကခုန်နေကြဆဲ ဖြစ်ပြီး လူအများ သဘောကျ နှစ်သက်ကြပါတယ်။

လတ်တလောမှာတော့ လူမှုကွန်ရက်မှာ အဘွားကြီးတစ်ယောက် ဘားမှာ ကခုန်နေတဲ့ ဗီဒီယိုဖိုင်ကို လူငယ်တွေ သဘောကျစေဖို့အတွက် မျှဝေထားပါတယ်။ ထင်ရှားသည်မှာ အဘွားကြီးက တစ်ယောက်တည်းသွားရုံသာမက သူမနဲ့ အတူလိုက်ပါရန် သူငယ်ချင်းများပါရှိသေးပါတယ်။ သီချင်းဖွင့်တိုင်း အဘွားကြီးက အရက်ကို ကိုင်ကာ ကခုန်နေခဲ့ပါတယ်။

ဆံပင်ဖြူပေမယ့် အလွန်ပျော့ပျောင်းတဲ့ ခြေလက်တွေရှိတဲ့ အဘွားကြီးတစ်ယောက်ရဲ့ ပုံရိပ်ဟာ အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့ပါတယ်။ လူတိုင်းက သူ့အသက်အရွယ်ရောက်ပြီးရင် သူမအတိုင်း ဆက်သွားနေချင်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories