အခန်းထဲမှာ ကလေးက တစ်ယောက်တည်း ရယ်နေတာကို ကြားပြီး သွားကြည့်တဲ့အခါ ဧရာမစပါးအုံးမြွေကြီးနဲ့အတူ ကစားနေတာကို တွေ့ခဲ့ရတဲ့မိခင်

မကြာသေးမီက တရုတ်လူမှုကွန်ရက်မှာ ဧရာမစပါးအုံးမြွေကြီးနဲ့အတူ ထိုင်နေတဲ့အသက်တစ်နှစ်ခန့် ကောင်လေးတစ်ဦးရဲ့ ဗီဒီယိုကို မျှဝေခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ကောင်လေးက နည်းနည်းလေးမှ ကြောက်ရွံ့မှု မရှိတာကို တွေ့ရပါဘူး။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Jiangxi ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။

ထိုနေ့မှာ မိခင်က မီးဖိုချောင်မှာ ချက်ပြုတ်နေပါတယ်။ ထို့နောက် သားဖြစ်သူရဲ့ ရယ်သံကို ကြားလိုက်တဲ့အခါ ပထမတော့ သူမသားလေး အိပ်ပျော်နေပြီထင်ပေမယ့် အဆက်မပြတ် ရယ်မောသံကို သူမ ကြားခဲ့ပါတယ်။ ထူးထူးဆန်းဆန်း ခံစားရတော့ သူ့ကလေးရဲ့ အိပ်ခန်းထဲကို ပြေးကြည့်ခဲ့ပါတယ်။ သားဖြစ်သူရဲ့ အိပ်ရာပေါ်မှာ အရှည် ၂ မီတာခန့်ရှိတဲ့ စပါးအုံးမြွေတစ်ကောင်လို အထူးဧည့်သည်တစ်ဦး ရှိနေတာကို တွေ့လိုက်ရသဖြင့် သူမအံ့အားသင့်သွားခဲ့ပါတယ်။

စပါးအုံးမြွေကို ထိတ်လန့်သွားတဲ့အပြင် သူမသားလေးကလည်း ကြောက်ရွံ့မှု နည်းနည်းမှ မပြတာကို အံ့သြမိပါသေးတယ်။ ထို့နောက် စပါးအုံးမြွေကို ခင်ပွန်းဖြစ်သူက ထိန်းသိမ်းထားခဲ့ပြီး သူမဝယ်ထားတာ ရက်ပိုင်းပဲရှိသေးပြီး လှောင်အိမ်ထဲ ထည့်ခဲ့လိုက်ပါတယ်။ အဆိုပါအဖြစ်အပျက်ကို လွှင့်တင်ပြီးနောက် အင်တာနက်အသုံးပြုသူအများစုက မိဘရဲ့ပေါ့ဆမှုကို ပြစ်တင်ပြောဆိုခဲ့ပြီး ကံကောင်းထောက်မစွာ ကလေးကဘာမှမဖြစ်ဘဲ နေကောင်းနေပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories