မြေးနဲ့ ရွယ်တူ အမျိုးသားကို လက်ထပ်ပြီး ခင်ပွန်းက အရမ်းချစ်ပေးတဲ့အတွက် လူတိုင်း အားကျနေခဲ့တဲ့ အသက် ၆၃ နှစ်အရွယ်အမျိုးသမီး

မကြာသေးမီက စုံတွဲတစ်တွဲဟာ အသက်အရွယ်ကြီးကြီးမားမားကွာခြားပေမယ့် သူတို့ရဲ့အချစ်ရေးက ရိုမန်တစ်ဆန်လွန်းတာကြောင့် လူအများက မနာလိုဖြစ်နေကြပါတယ်။ အဆိုပါစုံတွဲက အသက် ၆၃ နှစ်အရွယ် မစ္စဒိုင်ယန် နဲ့ အသက် ၃၇ နှစ်အရွယ် မစ္စတာဆန် တို့ဖြစ်ပါတယ်။ မစ္စ ဒိုင်က ငယ်ငယ်ကဆိုရင် မြစ်ထဲမှာ နေထိုင်ပြီး ရဲရင့်တဲ့ အလှနဲ့ မိန်းကလေး ဖြစ်ခဲ့ပါတယ်။ အမျိုးသားတော်တော်များများက သူမကို ကမ်းလှမ်းပြီး ပရောပရည်လုပ်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာ မစ္စဒိုင်ယန်က သူ့မြေးနဲ့ အသက်ရွယ်တူ လူငယ်တစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာကြပြီး သူတို့ရဲ့ဘဝအခြေအနေတွေကို မကြာခဏပြောဆိုကြပါတယ်။ ထို့နောက် လက်ထပ်ယူကြပြီး အတူနေခဲ့ကြပါတယ်။ သားသမီးမရှိဘဲ ၁၀ နှစ်ကြာ အတူနေလာရတဲ့ အကြောင်းအရင်းကို မေးတော့ မစ္စ ဒိုင်က အိမ်ထောင်သက် ၁ နှစ်အကြာမှာတော့ သားအိမ်မှာ သားအိမ်ပေါက်နေပြီး ကလေးမရနိုင်တာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းဟာ သူမဘဝရဲ့ ဝမ်းနည်းစရာအကောင်းဆုံးအရာလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ ခင်ပွန်းက ကလေးတွေကို အရမ်းချစ်တာကြောင့် သူမကလေးမမွေးပေးနိုင်လို့ အမြဲနောင်တရနေပါတယ်။ လက်ရှိမှာ ခင်ပွန်ဖြစ်သူ မစ္စတာ ဆန်က ထီလက်မှတ်ရောင်းသူအဖြစ် လုပ်ကိုင်နေပြီး မစ္စ ဒိုင်းက သစ်ပင်အစေးကို ရောင်းချပါတယ်။ ဝင်ငွေက များများစားစား မရှိသလို ဘဝက ချို့တဲ့နေပေမယ့် သူတို့လင်မယားက အမြဲတမ်း ပျော်ရွှင်မှုတွေ အပြည့်ရှိပါတယ်။ အခု သူတို့ လိုချင်တာက ကျန်းမာ ရေးကောင်းပြီး ၁၀ နှစ်၊ ၁၅ နှစ် အနှစ် ၃၀ လောက် အတူနေနိုင်ဖို့ပါဘဲ။ ၎င်းကို မျှဝေပြီးနောက် မစ္တာ ဆန် နဲ့ မစ္စ ဒိုင်းက တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ကြလဲဆိုတာကို အားလုံးက အားကျမိခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories