နုပျို လှပတဲ့ အသွင်အပြင်ကြောင့် မိမိကိုယ့်ကို ယုံကြည်မှုအပြည့်နဲ့ သမီးရဲ့ အလှကို ပြိုင်ရဲတဲ့ အသက် ၆၀ ကျော် မိခင်

အသက် ၆၀ ကျော်ပြီဖြစ်တဲ့ To Loan အမည်ရှိ အမျိုးသမီးဟာ သူမရဲ့ လှပတဲ့ အသွင်အပြင်ကြောင့် မိမိကိုယ်ကို အမြဲယုံကြည်မှုရှိနေခဲ့ပါတယ်။ သူမရဲ့ လျှို့ဝှက်ချက်တွေကို မျှဝေရင်း To Loan က ကိုယ့်ကိုယ်ကို ချစ်ပြီး ဂရုစိုက်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ သူမက သမီးဖြစ်သူ Sun HT နဲ့ အမြဲတစ်တွဲတွဲနေလေ့ရှိပါတယ်။

ဒါ့အပြင် နှစ်ယောက်လုံးက တူညီတဲ့ အသွင်အပြင်မျိုးရှိပြီး ထူးခြားတာတစ်ခုကတော့ Sun HT ရဲ့အမေဟာ အသက် ၆၀ ကျော်တောင် နုပျိုလွန်းလှတယ်လို့ အင်တာနက်အသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။ မစ္စ To Loan ဟာ ဗီယက်နမ်နိုင်ငံ၊ နမ်ဒင်ပြည်နယ်ရဲ့ အလှမယ်တစ်ဦးဖြစ်ခဲ့ဖူးကြောင်း သိရှိရပါတယ်။ လူတိုင်းကလည်း သူတို့ရဲ့ အသွင်အပြင်ကို သဘောကျခဲ့ကြပြီး အခုလို ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။

အိမ်ထောင်ပြုပြီးသရွေ့ သူတို့ရဲ့ အလှတရားနဲ့ အသွင်အပြင်ဟာ တဖြည်းဖြည်းနဲ့ အိုမင်းခြင်း အဆင့်ကို ရောက်သွားလိမ့်မယ်လို့ ထင်မြင်ယူဆကြပါတယ်။ ဒါပေမယ့် ဒါဟာ လုံးဝမှားယွင်းတဲ့ အတွေးတစ်ခုပါ။ ကိုယ့်ချစ်ပြီး ဂရုတစိုက်ပြုစုမယ်ဆိုရင် အမျိုးသမီးတစ်ယောက်ဟာ ထာဝရနုပျိုနေမှာပါ။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories