အခက်အခဲများစွာကို အတူတူဖြတ်ကျော်ရန် ဆယ်စုနှစ်များစွာ လက်တွဲနေထိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အခါ ဇနီးသည်အတွက် နာကျင်ခံစားခဲ့ရပါတယ်။ အခုတခါက သေမင်းတံခါးဝမှာ ရောက်နေပြီဖြစ်တဲ့ ခင်ပွန်းကို ဇနီးသည်က ပြန်ခေါ်ဖို့ ကြိုးစားနေတဲ့ အခိုက်လေးက လူတိုင်းကို မျက်ရည်ကျစေခဲ့ပါတယ်။ ဇနီးသည်က ဘာလုပ်ရမှန်းမသိတဲ့အတွက် ခင်ပွန်းဖြစ်သူကို အနောက်ကနေ ပွေ့ဖက်ထားပါတယ်။ ဒါက နာကျင်မှုကို သက်သာစေမယ်လို့ ဇနီးက ထင်နေတာဖြစ်နိုင်ပါတယ်။
ဒီဇနီးမောင်နှံရဲ့ အဖြစ်အပျက် မြင်ရတော့ ပျော်ရွှင်မှုဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အရာမဟုတ်သလို ပျော်ရွှင်မှုဆိုတာ ရိုးရိုးရှင်းရှင်းပဲ အတူတူရှိနေရတာဆိုပြီး နားလည်စေပါတယ်။ ၎င်းဟာ လူအများကို မျက်ရည်ကျစေခဲ့ပြီး အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို ခံစားဖူးသူတွေက သူမကို ကိုယ်ချင်းစားခဲ့ကြပါတယ်။
JRose(Tgidailynews)
Zawgyi
သေမင်းတံခါးနဲ့ မဝေးတော့တဲ့ ခင်ပွန်းဖြစ်သူကို ပွေ့ဖက်ရင်း မျက်ရည်ကျနေခဲ့တဲ့ ဇနီးသည်ရဲ့အခိုက်အတန့်က လူအများကို မျက်ရည်ကျစေခဲ့
JRose(Tgidailynews)