ကလေး ၁ ယောက်ရဲ့ မိခင်ဖြစ်နေပေမဲ့ သေးသွယ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ ဘီလျံနာမိန်းကလေး

Kim Lim အမည်ရှိ မိန်းကလေးဟာ ဘီလီယံနာ Peter Lim ရဲ့သမီး ဖြစ်ပြီး မစ္စတာ Peter က စင်ကာပူမှာ ၁၃ ခုမြောက် အချမ်းသာဆုံး ဘီလျံနာဖြစ်ပါတယ်။ ထို့ကြောင့် သမီးဖြစ်သူ Kim Lim က ချမ်းသာတဲ့ ဘဝကို ပိုင်ဆိုင်ရုံသာမက ကြည်ညိုဖွယ်ကောင်းတဲ့ ဂုဏ်သတင်းနဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Kim Lim ဟာ နှစ်လိုဖွယ်ဘဝမျိုးရှိပေမဲ့ အချစ်ရေးမှာ ကံမကောင်းတဲ့သူဖြစ်ခဲ့ပြီး ပြိုကွဲနေတဲ့ အိမ်ထောင်ရေးကို ကြုံတွေ့ခဲ့ရပါတယ်။ ယခုတော့ Kim Lim ဟာ သူမရဲ့ သား Kyden Kho အတွက် အချစ်အားလုံးကို မြှုပ်နှံထားပါတယ်။

Kim Lim ဟာ ကလေး ၁ ယောက်မိခင်ဖြစ်ပေမဲ့ သူမဟာ sexy ကျတဲ့ပုံသဏ္ဍာန်ကို ထိန်းသိမ်းထားနိုင်တာကြောင့် လူအများက သူမကို ချီးကျူးခဲ့ကြပါတယ်။Kim Lim ဟာ ငယ်စဉ်ကလေးဘဝကတည်းက လွတ်လပ်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ သူငယ်ချင်းများစုဝေးနေထိုင်ခဲ့ကာ ကလေးမွေးဖွားပြီးနောက်မှာ သူမက ရင်သွေးငယ်ကို ပြုစုစောင့်ရှောက်ရန် အမြဲကြိုးစားပေးတဲ့ မိခင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories