အရက်ဝိုင်းမှာ ရင်ဖွင့်ကြတဲ့ လူကြီးအတိုင်း ရေခဲရေတစ်ခွက်ကိုင်ပြီး နှစ်ယောက်သား ရင်ဖွင့်ပြောဆိုနေတဲ့ ကလေးနှစ်ယောက်

ကလေးတွေဟာ လူကြီးတွေ ဘာလုပတယ် ဘာလိုနေတယ် ဆိုတာတွေကို လိုက်ပြီး စူးစမ်းကာ မြန်မြန်ဆန်ဆန် သင်ယူတတ်ကြပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကောင်လေးနှစ်ဦးက တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်နေကြတဲ့ ပုံရိပ်က အင်တာနက်သုံးသူတွေကို ရယ်မောစေခဲ့ပါတယ်။ ကလေးတစ်ယောက်က ရေခဲရေတစ်ခွက်ကို ကိုင်ပြီး အစာစားနေပါတယ်။ ဒီကောင်လေးနှစ်ယောက်ဟာ ထိုင်ပြီး အရွယ်ရောက်တဲ့လူလို ရင်ဖွင့်နေကြပါတယ်။

ကောင်လေးနှစ်ယောက်ကြားက စကားဝိုင်းဟာ အရက်သောက်တဲ့ စားပွဲတစ်ခုမှာ ရင်ဖွင့်သလိုမျိုးပင် ဖြစ်နေတာကြောင့် အားလုံးက ဒီကလေးနှစ်ကို မရယ်ဘဲ မနေနိုင်ခဲ့ပါဘူး။ လူတိုင်းက ကောင်လေးနှစ်ယောက်ရဲ့ ပေါ့ပေါ့ဆဆနဲ့ အပြစ်ကင်းစင်တဲ့ အခိုက်အတန့်တွေကို ရယ်မောခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories