




credit – Myanmarload

Unicode

မွေးခါနီးဖြစ်နေတဲ့ဗိုက်ကြီးသည်ကို ဆေးရုံခေါ်သွားပြီး အဆင်ပြေပြေကလေးမွေးနိုင်ဖို့ ကူညီပေးလိုက်တဲ့ ဒိန်းဒေါင်နဲ့ချက်ကြီးတို့ ချွန်တွန်းအဖွဲ့

ဒိန်းဒေါင်နဲ့ ချက်ကြီးတို့ပါဝင်တဲ့ ချွန်တွန်းပရဟိတအဖွဲ့ကတော့ အခုလတ်တလောမှာ ပရဟိတလုပ်ငန်းတွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေကြတာ ဖြစ်ပါတယ် ။ ဒိန်းဒေါင်တို့အဖွဲ့လေးက စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့သူတွေနဲ့ ဒုက္ခရောက်နေသူတွေကို တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ် ။ သူတို့ရဲ့မွန်မြတ်တဲ့လုပ်ရပ်လေးတွေကလည်း ပရိသတ်တွေကို ဝမ်းသာပီတိဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ်နော်။

အခုလည်း ချက်ကြီးတို့အဖွဲ့က မွေးခါနီးဖွားခါနီး အကူအညီလိုအပ်နေတဲ့ ဗိုက်ကြီးသည်တစ်ဦးကို ဆေးရုံပို့ပေးခဲ့တာ ဖြစ်ပါတယ် ။ ချက်ကြီးတို့က တောင်ဒဂုံမှာနေထိုင်တဲ့ ဗိုက်ကြီးသည်ရဲ့အိမ်အထိ ကားနဲ့သွားခေါ်ပေးခဲ့ပြီး ဗဟိုအမျိုးသမီးဆေးရုံမှာ ကလေးမွေးဖို့ ကူညီပေးလိုက်တာပဲ ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ ချက်ကြီးတို့အဖွဲ့ရဲ့စေတနာကြောင့် အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးကို အဆင်ပြေချောမွေ့စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒါကြောင့် ချက်ကြီးက “(7)နာရီ (13)မိနစ်မှာ ချွန်တွန်းက မွေးပေးလိုက်တဲ့ သမီးချောလေး အဆင်ပြေပြေ မွေးဖွားနိုင်ခဲ့ပါပြီ ဆေးရုံက ဆရာ၊ဆရာမတွေအားလုံး ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ချက်ကြီးတို့အဖွဲ့ကတော့ သူတို့ရဲ့အကူအညီနဲ့ လူ့လောကထဲကိုရောက်ရှိလာတဲ့ ကလေးလေးကိုကြည့်ပြီး ပီတိဖြစ်နေကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဒိန်းဒေါင်နဲ့ ချက်ကြီးတို့ ချွန်တွန်းအဖွဲ့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Comedian Chat Gy

credit – Myanmarload

  • Leave a Comment