ဖခင်ထက် အသက်ကြီးတဲ့ အဘိုးအိုကို အခွင့်ကောင်းယူဖို့ လက်ထပ်တယ်လို့ လူအများထင်တာကို ခံရတဲ့ အသက် ၂၄ နှစ်အရွယ်မိန်းကလေး

မကြာသေးမီက၊ အင်ဒိုနီးရှားစုံတွဲတစ်တွဲဟာ အသက် ၂၈ နှစ်အထိ ကွာခြားတဲ့အခါ လူ့အတိုင်းအဝိုင်းမှာ ဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။ မစ္စ Syantrica Wijayana ဟာ ယခု အသက် ၂၄ နှစ်ရှိပြီ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ Murtaji နဲ့ လက်ထပ်ခဲ့ပါတယ်။ ၎င်းတို့စုံတွဲရဲ့ မင်္ဂလာပွဲကို အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Trenggalek ဒေသမှာ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးမီရက်ပိုင်းအတွင်းက ၎င်းတို့စုံတွဲရဲ့ ဓာတ်ပုံများဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အွန်လိုင်းအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

ဓာတ်ပုံတွေကို အင်တာနက်သုံးတွေ ပထမဆုံးမြင်လိုက်တဲ့အခါ အားလုံးက သတို့သမီးရဲ့ဘေးမှာ ရပ်နေတဲ့ သက်ကြီးရွယ်အို Syantrica က သူမရဲ့ အဖေပဲလို့ လူတိုင်းက ထင်နေကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ Syantrica ဟာ သူမရဲ့ ခင်ပွန်းဖြစ်ကြောင်း သတို့သမီးက ပြောပြလာခဲ့ပါတယ်။ သတို့သား Syantrica Wijayana ဟာ သူမအဖေထက် အသက် ၂၈ နှစ် ပိုကြီးတယ်လို့ ပြောပါတယ်။ သူတို့စုံတွဲဟာ အမှတ်တမဲ့ တွေ့ဆုံပြီးနောက် တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားခဲ့ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်မထပ်မီက မစ္စ Syantrica မှာ အရင်ခင်ပွန်းနဲ့ ကလေးတစ်ယောက်ရှိပြီး မစ္စတာ Murtaji မှာလည်း ကလေးနှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မိသားစုက ပံ့ပိုးပေးတာဖြစ်ပြီး သားသမီးတွေ မိဘဆုံဆုံလင်လင်နဲ့ ရှိတဲ့အခါ ပျော်ရွှင်မှု ရနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့က Syantrica ဟာ မစ္စတာ Murtaji ထံ အခွင့်ကောင်းယူရန် လက်ထပ်တာလို့ ထင်ကြပါတယ်။ ဒါပေမဲ့လည်း မစ္စ Syantrica Wijayana က သူမနဲ့ သူမရဲ့ ခင်ပွန်းဟာ အချစ်စစ်နဲ့ ချစ်တာဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

ဖခင္ထက္ အသက္ႀကီးတဲ့ အဘိုးအိုကို အခြင့္ေကာင္းယူဖို႔ လက္ထပ္တယ္လို႔ လူအမ်ားထင္တာကို ခံရတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္မိန္းကေလး

မၾကာေသးမီက၊ အင္ဒိုနီးရွားစုံတြဲတစ္တြဲဟာ အသက္ ၂၈ ႏွစ္အထိ ကြာျခားတဲ့အခါ လူ႔အတိုင္းအဝိုင္းမွာ ေဆြးေႏြးစရာ ျဖစ္လာခဲ့ပါတယ္။ မစၥ Syantrica Wijayana ဟာ ယခု အသက္ ၂၄ ႏွစ္ရွိၿပီ အသက္ ၅၂ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥတာ Murtaji နဲ႔ လက္ထပ္ခဲ့ပါတယ္။ ၎တို႔စုံတြဲရဲ႕ မဂၤလာပြဲကို အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ဂ်ာဗားျပည္နယ္ရွိ Trenggalek ေဒသမွာ က်င္းပခဲ့ပါတယ္။ ဒါေပမဲ့ မၾကာေသးမီရက္ပိုင္းအတြင္းက ၎တို႔စုံတြဲရဲ႕ ဓာတ္ပုံမ်ားဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး အြန္လိုင္းအသိုင္းအဝိုင္းရဲ႕ အာ႐ုံစိုက္မႈကို ခံခဲ့ရပါတယ္။

ဓာတ္ပုံေတြကို အင္တာနက္သုံးေတြ ပထမဆုံးျမင္လိုက္တဲ့အခါ အားလုံးက သတို႔သမီးရဲ႕ေဘးမွာ ရပ္ေနတဲ့ သက္ႀကီး႐ြယ္အို Syantrica က သူမရဲ႕ အေဖပဲလို႔ လူတိုင္းက ထင္ေနၾကပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ Syantrica ဟာ သူမရဲ႕ ခင္ပြန္းျဖစ္ေၾကာင္း သတို႔သမီးက ေျပာျပလာခဲ့ပါတယ္။ သတို႔သား Syantrica Wijayana ဟာ သူမအေဖထက္ အသက္ ၂၈ ႏွစ္ ပိုႀကီးတယ္လို႔ ေျပာပါတယ္။ သူတို႔စုံတြဲဟာ အမွတ္တမဲ့ ေတြ႕ဆုံၿပီးေနာက္ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္မိသြားခဲ့ၿပီး လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

လက္မထပ္မီက မစၥ Syantrica မွာ အရင္ခင္ပြန္းနဲ႔ ကေလးတစ္ေယာက္ရွိၿပီး မစၥတာ Murtaji မွာလည္း ကေလးႏွစ္ေယာက္ရွိပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို မိသားစုက ပံ့ပိုးေပးတာျဖစ္ၿပီး သားသမီးေတြ မိဘဆုံဆုံလင္လင္နဲ႔ ရွိတဲ့အခါ ေပ်ာ္႐ႊင္မႈ ရႏိုင္မယ္လို႔ ေမွ်ာ္လင့္တဲ့အတြက္ ျဖစ္ပါတယ္။ ဒါေပမဲ့ အခ်ိဳ႕က Syantrica ဟာ မစၥတာ Murtaji ထံ အခြင့္ေကာင္းယူရန္ လက္ထပ္တာလို႔ ထင္ၾကပါတယ္။ ဒါေပမဲ့လည္း မစၥ Syantrica Wijayana က သူမနဲ႔ သူမရဲ႕ ခင္ပြန္းဟာ အခ်စ္စစ္နဲ႔ ခ်စ္တာျဖစ္တယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories