ကျောင်းတောင်မတက်ရသေးဘဲ အင်္ဂလိပ်စကားလုံးကို မှန်ကန်စွာ ဖတ်တက်နေတဲ့ အံ့ဩစရာ ၃ နှစ်အရွယ် ကလေး

ယခုခေတ်ကလေးများဟာ ငယ်ရွယ်စဉ်ကတည်းက ကာတွန်းကားတွေကြည့်ရင်း စာနဲ့ ထိတွေ့လာတာကြောင့် ကျောင်းမတက်ရသေးပေမဲ့ အင်္ဂလိပ်လိုဖတ်တတ်တာဟာ အဆန်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ အသက် ၃ နှစ်အရွယ်သာရှိသေးတဲ့ ကလေးဟာ အင်္ဂလိပ်စာလုံးကို မှန်ကန်စွာ ဖတ်တက်တာက အံ့ဩစရာပါပဲ။ အထူးသဖြင့် Dat လို့ခေါ်တဲ့ ဒီအသက် ၃ နှစ်ကလေးဟာ ၂ နှစ်အောက်အရွယ်ကတည်းက စာဖတ်နိုင်ခဲ့တာပါ။

ဘယ်သူမှ မသင်ပေးပေမယ့် သူ့အဖေနောက်ကို လိုက်သွားတော့ စတိုးဆိုင်နာမည်တွေ၊ ကုန်စုံဆိုင်တွေ၊ တံဆိပ်တွေလိုမျိုး လမ်းပေါ်မှာ ပေါ်လာတဲ့ စာတွေအားလုံးကို Dat က ဖတ်နိုင်ခဲ့ပါတယ်။ Dat က စကားလုံးတွေကို ဖြည်းညှင်းစွာနဲ့ ရှင်းရှင်းလင်းလင်း ဖတ်တတ်ပြီး အင်္ဂလိပ်နဲ့ ဗီယက်နမ် နှစ်မျိုးလုံးကိုတက်ကျွမ်းခဲ့တာပါ။ ကျောင်းမတက်ရသေးတာကြောင့် Dat က သူ့မိဘများနဲ့ အတူ အိမ်မှာသာ နေလေ့ရှိပါတယ်။

သူ့အမေက ရေရောင်းတယ်၊ သူ့အဖေက ကားတွေဆေးပေးတယ်၊ ဒါကြောင့် အလုပ်များပြီး ကလေးတွေကို စာသင်ပေးဖို့ အချိန်မရှိကြပါဘူး။ ကာတွန်းကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းဖြင့် ကောင်လေး Dat က စာဖတ်နည်းကို သိလာခဲ့တာပါ။ ယနေ့ခေတ်ကလေးများက အလွန်ဉာဏ်ရည်ထက်မြက်ကြပါတယ်။

JRose(Tgidailynews)

Zawgyi

ေက်ာင္းေတာင္မတက္ရေသးဘဲ အဂၤလိပ္စကားလုံးကို မွန္ကန္စြာ ဖတ္တက္ေနတဲ့ အံ့ဩစရာ ၃ ႏွစ္အ႐ြယ္ ကေလး

ယခုေခတ္ကေလးမ်ားဟာ ငယ္႐ြယ္စဥ္ကတည္းက ကာတြန္းကားေတြၾကည့္ရင္း စာနဲ႔ ထိေတြ႕လာတာေၾကာင့္ ေက်ာင္းမတက္ရေသးေပမဲ့ အဂၤလိပ္လိုဖတ္တတ္တာဟာ အဆန္းမဟုတ္ေတာ့ပါဘူး။ ဒါေပမဲ့ အသက္ ၃ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ကေလးဟာ အဂၤလိပ္စာလုံးကို မွန္ကန္စြာ ဖတ္တက္တာက အံ့ဩစရာပါပဲ။ အထူးသျဖင့္ Dat လို႔ေခၚတဲ့ ဒီအသက္ ၃ ႏွစ္ကေလးဟာ ၂ ႏွစ္ေအာက္အ႐ြယ္ကတည္းက စာဖတ္ႏိုင္ခဲ့တာပါ။

ဘယ္သူမွ မသင္ေပးေပမယ့္ သူ႔အေဖေနာက္ကို လိုက္သြားေတာ့ စတိုးဆိုင္နာမည္ေတြ၊ ကုန္စုံဆိုင္ေတြ၊ တံဆိပ္ေတြလိုမ်ိဳး လမ္းေပၚမွာ ေပၚလာတဲ့ စာေတြအားလုံးကို Dat က ဖတ္ႏိုင္ခဲ့ပါတယ္။ Dat က စကားလုံးေတြကို ျဖည္းညႇင္းစြာနဲ႔ ရွင္းရွင္းလင္းလင္း ဖတ္တတ္ၿပီး အဂၤလိပ္နဲ႔ ဗီယက္နမ္ ႏွစ္မ်ိဳးလုံးကိုတက္ကြၽမ္းခဲ့တာပါ။ ေက်ာင္းမတက္ရေသးတာေၾကာင့္ Dat က သူ႔မိဘမ်ားနဲ႔ အတူ အိမ္မွာသာ ေနေလ့ရွိပါတယ္။

သူ႔အေမက ေရေရာင္းတယ္၊ သူ႔အေဖက ကားေတြေဆးေပးတယ္၊ ဒါေၾကာင့္ အလုပ္မ်ားၿပီး ကေလးေတြကို စာသင္ေပးဖို႔ အခ်ိန္မရွိၾကပါဘူး။ ကာတြန္းၾကည့္ျခင္း၊ သီခ်င္းနားေထာင္ျခင္းျဖင့္ ေကာင္ေလး Dat က စာဖတ္နည္းကို သိလာခဲ့တာပါ။ ယေန႔ေခတ္ကေလးမ်ားက အလြန္ဉာဏ္ရည္ထက္ျမက္ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories