အဘိုးက လက်သည်း၊ ခြေသည်းလေးတွေဆိုးပေးလို့ ရှက်ပြုံးပြုံးမျက်နှာနဲ့ အဘိုးရဲ့ပါးကို ၂ ခါ အနမ်းပေးခဲ့တဲ့ ကလေးမလေး

ဘဝမှာ မိဘတွေအပြင်၊ ကျွန်တော်တို့ကို ချစ်ပြီး ဂရုစိုက်ပေးတဲ့သူက ငါတို့အဘိုးအဘွားတွေပါ။ ဘာပဲဖြစ်ဖြစ် သူတို့ သားသမီးမြေးတွေအတွက် ဘာကိုမှ ပြန်မတောင်းဘဲ အကောင်းဆုံးဖြစ်အောင် အမြဲလုပ်ပေးပါတယ်။ မကြာသေးမီက သူ့မြေးလေးအတွက် လက်သည်းနီးဆိုးပေးနေတဲ့ အဘိုးတစ်ဦးဟာ အင်တာနက်အသုံးပြုသူများ သဘောကျစေခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် အဆိုပါပုံကို လူမှုကွန်ယက်မှာ တင်တဲ့အခါ လျှင်မြန်စွာ ပျံ့နှံ့ခဲ့ပါတယ်။

ပုံမှာဆိုရင် မြေးမလေးဟာ ပြုံးရွှင်နေပြီး ကုလားထိုင်ပေါ်မှာ ထိုင်နေတာကို တွေ့ရပြီး အဖိုးက လက်သည်းဆိုးဆေးပုလင်းကို ကိုင်ပြီး မြေးကို အလှပြင်ပေးနေပါတယ်။ ၎င်းလုပ်ရပ်က ရိုးရှင်းသော်လည်း ကလေးရဲ့ ရှက်ပြုံးပြုံးမျက်နှာထားနဲ့ အဖိုးရဲ့ပါးကို ၂ ကြိမ်အနမ်းပေးတဲ့အခါ ကြည့်ရှုသူများကို ရယ်မောစေမိပါတယ်။ ဒါဟာ ရိုးရိုးရှင်းရှင်းဆိုပေမဲ့ နွေးထွေးမှုကိုလည်း ခံစားရစေပါတယ်။ လူတွေပြောလေ့ရှိတဲ့ စကားအတိုင်း ဘိုးဘွားတွေလောက် မြေးလေးတွေကို ဘယ်သူမှ မချစ်ပါဘူး။ အဖိုးက အသက်ကြီးပေမဲ့ သူ့မြေးမလေးကို ပျော်ရွှင်စေချင်တာကြောင့် လက်သည်းများဆိုးပေးနေတာဖြစ်ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories