ခိုကိုးရာမဲ့တဲ့ ကလေးငယ်များစွာကို ကျွေးမွေးပြုစုစောင့်ရှောက်ပြီး ဖခင်လုပ်ပေးခဲ့တဲ့ အမျိုးသား

ဟိုချီမင်းစီးတီးက အသက် ၆၄ နှစ်အရွယ် မစ္စတာ Bui Cong Hiep ဟာ ခက်ခဲတဲ့ အခြေအနေများဖြင့် ကလေး ၈၈ ဦးကို စောင့်ရှောက်ပြီး ဖခင်ဖြစ်ခဲ့ပါတယ်။ မစ္စတာ Hiep က အငြိမ်းစား စစ်သားတစ်ဦးဖြစ်ပြီး ခိုကိုးရာမဲ့ ကလေးတွေကို ခေါ်ထားပြီး ကျွေးမွေးခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ပထမမှာ ကလေး ၅ယောက် ၁၀ယောက်ကနေ သူ့အိမ်မှာ ကလေး ၉၀ နီးပါးအတွက် ဂေဟာဖြစ်လာခဲ့ပါတယ်။

နေ့စဉ် နံနက် ၄ နာရီတိုင်း မစ္စတာ Hiep က သူ့ကလေးများအတွက် ထမင်း ၃ နပ် ချက်ပြုတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူက ကလေးတွေကို ကျောင်းပို့တဲ့ ယာဉ်မောင်းသမားလည်း ဖြစ်ပါတယ်။ ဂေဟာတည်ထောင်တဲ့ ၁၃ နှစ်တာကာလအတွင်း မစ္စတာ Hiep က ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များအတွက် အချိန်အားလုံးကို မြှုပ်နှံပြီး ချစ်ခြင်းမေတ္တာများကို နေ့တိုင်း အတူတူလုပ်ဆောင်ခဲ့ပါတယ်။ ကလေးများကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့ပြီး Hiep ရဲ့ အကြီးမားဆုံးဆန္ဒမှာ သူ့ရဲ့ကလေးများကို လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ သူများ ဖြစ်လာစေရန်ဖြစ်ပါတယ်။

JRose(Tgidailynews)

Zawgyi

ခိုကိုးရာမဲ့တဲ့ ကေလးငယ္မ်ားစြာကို ေကြၽးေမြးျပဳစုေစာင့္ေရွာက္ၿပီး ဖခင္လုပ္ေပးခဲ့တဲ့ အမ်ိဳးသား

ဟိုခ်ီမင္းစီးတီးက အသက္ ၆၄ ႏွစ္အ႐ြယ္ မစၥတာ Bui Cong Hiep ဟာ ခက္ခဲတဲ့ အေျခအေနမ်ားျဖင့္ ကေလး ၈၈ ဦးကို ေစာင့္ေရွာက္ၿပီး ဖခင္ျဖစ္ခဲ့ပါတယ္။ မစၥတာ Hiep က အၿငိမ္းစား စစ္သားတစ္ဦးျဖစ္ၿပီး ခိုကိုးရာမဲ့ ကေလးေတြကို ေခၚထားၿပီး ေကြၽးေမြးခဲ့ပါတယ္။ တျဖည္းျဖည္းနဲ႔ ပထမမွာ ကေလး ၅ေယာက္ ၁၀ေယာက္ကေန သူ႔အိမ္မွာ ကေလး ၉၀ နီးပါးအတြက္ ေဂဟာျဖစ္လာခဲ့ပါတယ္။

ေန႔စဥ္ နံနက္ ၄ နာရီတိုင္း မစၥတာ Hiep က သူ႔ကေလးမ်ားအတြက္ ထမင္း ၃ နပ္ ခ်က္ျပဳတ္ေပးခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ သူက ကေလးေတြကို ေက်ာင္းပို႔တဲ့ ယာဥ္ေမာင္းသမားလည္း ျဖစ္ပါတယ္။ ေဂဟာတည္ေထာင္တဲ့ ၁၃ ႏွစ္တာကာလအတြင္း မစၥတာ Hiep က ဆင္းရဲႏြမ္းပါးတဲ့ ကေလးငယ္မ်ားအတြက္ အခ်ိန္အားလုံးကို ျမႇဳပ္ႏွံၿပီး ခ်စ္ျခင္းေမတၱာမ်ားကို ေန႔တိုင္း အတူတူလုပ္ေဆာင္ခဲ့ပါတယ္။ ကေလးမ်ားကို ႏွစ္ေပါင္းမ်ားစြာ ျပဳစုေစာင့္ေရွာက္ခဲ့ၿပီး Hiep ရဲ႕ အႀကီးမားဆုံးဆႏၵမွာ သူ႔ရဲ႕ကေလးမ်ားကို လူ႔အဖြဲ႕အစည္းအတြက္ အသုံးဝင္တဲ့ သူမ်ား ျဖစ္လာေစရန္ျဖစ္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories