ကျွေးမွေးလေ့ရှိတဲ့ ခွေးလေခွေးလွင့် ၂ ကောင်ကို မထားခဲ့ချင်လို့ သူမနဲ့အတူ မွေးရပ်မြေကို ခေါ်ပြန်ခဲ့တဲ့ မိန်းကလေး

မကြာသေးမီက Sina ဟာ ခွေးလေခွေးလွင့်နှစ်ကောင်ကို သယ်ပြီး သူ့ရဲ့ မွေးရပ်မြေကို ပြန်ခဲ့ပါတယ်။ ဒီပုံတွေကို အဝေးပြေးလမ်းမပေါ်မှာ မိန်းကလေးက ကုန်တင်ကားတစ်စီးနဲ့ မတော်တဆ ဆုံတွေ့ချိန်မှာ လူတစ်ယောက်က ရိုက်ကူးခဲ့တာပါ။ သူရောက်သွားတော့ ပစ္စည်းတွေ စုပုံထားတဲ့ ကားပေါ်မှာ ခွေးနှစ်ကောင်၊ အနက်ရောင် တစ်ကောင်နဲ့ အဝါရောင် တစ်ကောင်က မျက်လုံးဝိုင်းဝိုင်းနဲ့ အေးအေးဆေးဆေး ထိုင်ပြီး အပြင်ဘက် ငေးကြည့်နေတာကို တွေ့လိုက်ရပါတယ်။

မေးကြည့်တော့ မိန်းကလေးက သူတို့စက်ရုံမှာ နေထိုင်တတ်တဲ့ တောခွေးနှစ်ကောင်ပဲလို့ ပြောပါတယ်။ ပုံမှန်အားဖြင့်တော့ မိန်းကလေးက သူတို့ကို ကျွေးမွေးပြုစုစောင့်ရှောက်ပေးလေ့ရှိပါတယ်။ မိန်းကလေးက မိသားစုဆီ အလည်ပြန်တဲ့အခါ ခွေးနှစ်ကောင်ကို ပိုင်ရှင်မဲ့ထားခဲ့ရမှာ ကြောက်တဲ့အတွက် သူမနဲ့အတူလိုက်ဖို့ ခေါ်ဆောင်ခဲ့ပါတယ်။ ပုံတွေကို ကြည့်လိုက်ရင် ခွေးနှစ်ကောင်အတွက် အအေးဒဏ်ကို ကာကွယ်ဖို့ စောင်တွေနဲ့ ဖုံးထားခဲ့တာကို တွေ့မြင်ရပါတယ်။

JRose(Tgidailynews)

Zawgyi

ေကြၽးေမြးေလ့ရွိတဲ့ ေခြးေလေခြးလြင့္ ၂ ေကာင္ကို မထားခဲ့ခ်င္လို႔ သူမနဲ႔အတူ ေမြးရပ္ေျမကို ေခၚျပန္ခဲ့တဲ့ မိန္းကေလး

မၾကာေသးမီက Sina ဟာ ေခြးေလေခြးလြင့္ႏွစ္ေကာင္ကို သယ္ၿပီး သူ႔ရဲ႕ ေမြးရပ္ေျမကို ျပန္ခဲ့ပါတယ္။ ဒီပုံေတြကို အေဝးေျပးလမ္းမေပၚမွာ မိန္းကေလးက ကုန္တင္ကားတစ္စီးနဲ႔ မေတာ္တဆ ဆုံေတြ႕ခ်ိန္မွာ လူတစ္ေယာက္က ႐ိုက္ကူးခဲ့တာပါ။ သူေရာက္သြားေတာ့ ပစၥည္းေတြ စုပုံထားတဲ့ ကားေပၚမွာ ေခြးႏွစ္ေကာင္၊ အနက္ေရာင္ တစ္ေကာင္နဲ႔ အဝါေရာင္ တစ္ေကာင္က မ်က္လုံးဝိုင္းဝိုင္းနဲ႔ ေအးေအးေဆးေဆး ထိုင္ၿပီး အျပင္ဘက္ ေငးၾကည့္ေနတာကို ေတြ႕လိုက္ရပါတယ္။

ေမးၾကည့္ေတာ့ မိန္းကေလးက သူတို႔စက္႐ုံမွာ ေနထိုင္တတ္တဲ့ ေတာေခြးႏွစ္ေကာင္ပဲလို႔ ေျပာပါတယ္။ ပုံမွန္အားျဖင့္ေတာ့ မိန္းကေလးက သူတို႔ကို ေကြၽးေမြးျပဳစုေစာင့္ေရွာက္ေပးေလ့ရွိပါတယ္။ မိန္းကေလးက မိသားစုဆီ အလည္ျပန္တဲ့အခါ ေခြးႏွစ္ေကာင္ကို ပိုင္ရွင္မဲ့ထားခဲ့ရမွာ ေၾကာက္တဲ့အတြက္ သူမနဲ႔အတူလိုက္ဖို႔ ေခၚေဆာင္ခဲ့ပါတယ္။ ပုံေတြကို ၾကည့္လိုက္ရင္ ေခြးႏွစ္ေကာင္အတြက္ အေအးဒဏ္ကို ကာကြယ္ဖို႔ ေစာင္ေတြနဲ႔ ဖုံးထားခဲ့တာကို ေတြ႕ျမင္ရပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories