မိသားစုအခြေအနေ အဆင်မပြေလို့ ကိတ်မုန့်မဝယ်နိုင်တဲ့အပြင် ဖယောင်းတိုင်အစား မီးခြစ်ကိုဖွင့်ပြီး မှုတ်ရပေမဲ့ ပြုံးပျော်နေတဲ့ ကလေးငယ်

လူတိုင်း မွေးနေ့ပွဲ ကျင်းပတဲ့အခါ ကိတ်မုန့်လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပကြပါတယ်။ ဒါပေမဲ့ ဆင်းရဲ့တဲ့မိသားစုမှ မွေးဖွားလာတဲ့ ကလေးမလေးဟာ မွေးနေ့ကိတ်မပါတဲ့အပြင် ဖယောင်းတိုင်မီးအစာ မီးခြစ်နဲ့ မီးမှုတ်ခဲ့တဲ့ သူမရဲ့သနားစရာဘဝလေးက အင်တာနက်သုံးသူတော်တော်များများကို မျက်ရည်ကျစေခဲ့ပါတယ်။

မိန်းကလေးငယ်က အဖေ မီးခြစ်ဖွင့်ထားတာကိုမြင်တော့ ” Happy Birthday to you, happy birthday to you…” ဆိုပြီး သူမရဲ့ ပျော်ရွှင်စရာ မွေးနေ့သီချင်းဆိုပြီးတဲ့ အဆုံးမှာတော့ ကလေးမလေးက သူ့အဖေကို တောက်ပစွာ ပြုံးပြခဲ့ပါတယ်။ သူမက မွေးနေ့ကိတ်မုန့်နဲ့ သူငယ်ချင်းများတွေနဲ့ ဖယောင်းတိုင်မီးမှုတ်ချင်သော်လည်း မိသားစုရဲ့အခြေအနေကို သူမနားလည်တာကြောင့် ဖခင် ဒီလိုကျင်းပပေးတာကို သူမလက်ခံခဲ့ပါတယ်။

၎င်းကို ကြည့်ပြီးနောက် လူအများက သူမအစားကြေကွယ်ပြီး ဝမ်းနည်းခဲ့ကြပါတယ်။ မိဘတွေက သူတို့သမီးကို အကောင်းဆုံး ပေးနိုင်အောင် အမြဲကြိုးစားနေပေမဲ့ သမီးလေးက စားဝတ်နေရေးနဲ့ ငွေကြေးအတွက် စိုးရိမ်မှုကို အပြည့်အဝ နားလည်ခဲ့ပါတယ်။ သူမရဲ့ မွေးနေ့ပွဲကို ကျင်းပဖို့ မီးခြစ်နဲ့ ပျော်ရွှင်စွာ ပြုံးနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်က လူတော်တော်များများရဲ့ နှလုံးသားကို ထိမိစေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

မိသားစုအေျခအေန အဆင္မေျပလို႔ ကိတ္မုန္႔မဝယ္ႏိုင္တဲ့အျပင္ ဖေယာင္းတိုင္အစား မီးျခစ္ကိုဖြင့္ၿပီး မႈတ္ရေပမဲ့ ၿပဳံးေပ်ာ္ေနတဲ့ ကေလးငယ္

လူတိုင္း ေမြးေန႔ပြဲ က်င္းပတဲ့အခါ ကိတ္မုန႔္ေလးနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ က်င္းပၾကပါတယ္။ ဒါေပမဲ့ ဆင္းရဲ႕တဲ့မိသားစုမွ ေမြးဖြားလာတဲ့ ကေလးမေလးဟာ ေမြးေန႔ကိတ္မပါတဲ့အျပင္ ဖေယာင္းတိုင္မီးအစာ မီးျခစ္နဲ႔ မီးမႈတ္ခဲ့တဲ့ သူမရဲ႕သနားစရာဘဝေလးက အင္တာနက္သုံးသူေတာ္ေတာ္မ်ားမ်ားကို မ်က္ရည္က်ေစခဲ့ပါတယ္။

မိန္းကေလးငယ္က အေဖ မီးျခစ္ဖြင့္ထားတာကိုျမင္ေတာ့ ” Happy Birthday to you, happy birthday to you…” ဆိုၿပီး သူမရဲ႕ ေပ်ာ္႐ႊင္စရာ ေမြးေန႔သီခ်င္းဆိုၿပီးတဲ့ အဆုံးမွာေတာ့ ကေလးမေလးက သူ႔အေဖကို ေတာက္ပစြာ ၿပဳံးျပခဲ့ပါတယ္။ သူမက ေမြးေန႔ကိတ္မုန႔္နဲ႔ သူငယ္ခ်င္းမ်ားေတြနဲ႔ ဖေယာင္းတိုင္မီးမႈတ္ခ်င္ေသာ္လည္း မိသားစုရဲ႕အေျခအေနကို သူမနားလည္တာေၾကာင့္ ဖခင္ ဒီလိုက်င္းပေပးတာကို သူမလက္ခံခဲ့ပါတယ္။

၎ကို ၾကည့္ၿပီးေနာက္ လူအမ်ားက သူမအစားေၾကကြယ္ၿပီး ဝမ္းနည္းခဲ့ၾကပါတယ္။ မိဘေတြက သူတို႔သမီးကို အေကာင္းဆုံး ေပးႏိုင္ေအာင္ အၿမဲႀကိဳးစားေနေပမဲ့ သမီးေလးက စားဝတ္ေနေရးနဲ႔ ေငြေၾကးအတြက္ စိုးရိမ္မႈကို အျပည့္အဝ နားလည္ခဲ့ပါတယ္။ သူမရဲ႕ ေမြးေန႔ပြဲကို က်င္းပဖို႔ မီးျခစ္နဲ႔ ေပ်ာ္႐ႊင္စြာ ၿပဳံးေနတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ပုံရိပ္က လူေတာ္ေတာ္မ်ားမ်ားရဲ႕ ႏွလုံးသားကို ထိမိေစခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories