ခါတိုင်းက အမေလာကြိုလေ့ရှိပြီး ဒီတခါမှာ အဖေကိုယ်တိုင် ကျောင်းထိလာကြိုတဲ့အတွက် ဝမ်းသာအားရ ပြုံးပျော်နေတဲ့ ကလေးမ

ဖခင်နဲ့ သမီးလေးကြားမှာ အလွန်ထူးခြားတဲ့ ချစ်ခြင်းမေတ္တာတွေ အမြဲရှိနေပါတယ်။ မကြာသေးမီက ကျောင်းဆင်းချိန် တံခါးပေါက်မှာ စောင့်ကြိုနေတဲ့ ဖခင်ကို မြင်ပြီး သမီးလေးက ခုန်ပေါက်နေခဲ့ပါတယ်။ ခါတိုင်းနေ့တွေဆို အမေက နေ့တိုင်းစောင့်လေ့ရှိတဲ့ လမ်းထောင့်ကို ပြေးသွားပေမယ့် ဒီနေ့တော့ အဖေက သမီးကို ကိုယ်တိုင်လာကြိုတဲ့အတွက် သမီးလေးက အံ့ဩနေခဲ့တာပါ။

အဖေ့ကိုတွေ့တော့ အံ့ဩသွားပြီး လူမှားမြင်တာလားဆိုတဲ့အတွေးနဲ့ ကလေးမက စက္ကန့်အနည်းငယ်လောက် ရပ်ကြည့်နေခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာပေါ်မှာ မယုံနိုင်စရာအမူအရာကို မြင်လိုက်ရတော့ ဖခင်ဖြစ်သူက ရယ်မောလိုက်ပါတယ်။ ထို့နောက် ကလေးမက ပြုံးကာ သူ့အဖေဆီ အမြန်ပြေးလာခဲ့ပါတယ်။

ဖခင်ဖြစ်သူက ထရပ်ကားမောင်းသမားတစ်ဦးဖြစ်ပြီး အိမ်နဲ့ဝေးရာကို မကြာခဏသွားရောက်ကာ သမီးဖြစ်သူကိုတွေ့ရန် အချိန်အနည်းငယ်သာရှိကြောင်း သိရှိရပါတယ်။ ဒီချစ်စရာကောင်းတဲ့ အခိုက်အတန့်မှာ မိန်းကလေးရဲ့ အပြုအမူအတွက် လူတိုင်းကို ပြုံးမိစေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories