မွေးကတည်းက လက်မပါဘဲ ချွတ်ယွင်းချက်နဲ့ မွေးဖွားလာပေမဲ့ ကံကြမ္မာကို အရှုံးမပေးပဲ ထမြောက်အောင် ကြိုးစားလာခဲ့တဲ့ အမျိုးသား

မကြာသေးမီက နတ်သမီးလေးလို လှပတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Ho Huu Hanh နဲ့ သူ့ရဲ့ဇနီး Chiem Mui တို့ဟာ စာဖတ်သူ အများအပြားရဲ့ ချစ်ခင်လေးစားမှုကို ရရှိခဲ့ပါတယ်။ အကြောင်းရင်းမှာ Huu Hanh ဟာ အလွန်ထူးခြားတဲ့ ခန္ဓာကိုယ်ရှိခြင်းကြောင့် ဖြစ်ပါတယ်။ ချို့ယွင်းတဲ့ လက်များဖြင့် မွေးဖွားလာသူ Huu Hanh က ကံကြမ္မာကို အရှုံးမပေးရုံသာမက ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်လိုပြီး ထမြောက်ရန် ကြိုးစားခဲ့ပါတယ်။

Huu Hanh မွေးဖွားလာချိန်မှာ လက်များမပါတဲ့အတွက် မိခင်ဖြစ်သူက ကြားသိပြီး လက်မခံနိုင်ဘဲ ငိုယိုကာ မူးလဲသွားခဲ့ပါတယ်။ သူမရဲ့သားက အနာဂတ်မှာ ဘယ်လိုရှင်သန်မယ်ဆိုတာ မသိတဲ့အတွက် သူမ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ ဒါပေမဲ့ Huu Hanh က သူ့အားနည်းချက်ကို စောစောစီးစီး သိရှိခဲ့ပြီး သူလုပ်နိုင်ကြောင်း လူတိုင်းကို သက်သေပြဖို့ အမြဲကြိုးစားပါတယ်။

Hanh ငယ်ငယ်လေးကတည်းက အရာရာတိုင်းကို ခြေဖဝါးနဲ့ လေ့ကျင့်ခဲ့ပါတယ်။ Hanh က တက္ကသိုလ်ပရိုဂရမ်ကို ပြီးမြောက်ပြီး Google အလုပ်ဝင်ခဲ့ပါတယ်။ Huu Hanh က သူနဲ့ သူ့ဇနီးဟာ အထက်တန်းကျောင်းကတည်းက တစ်ယောက်နဲ့ တစ်ယောက် သိခဲ့ကြတယ်လို့ ဆိုပါတယ်။ မွေးကတည်းက သင့်ခန္ဓာကိုယ်ကို သင်မရွေးချယ်နိုင်ပေမဲ့ ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေရန် Huu Hanh က အခြားသူတွေကို လှုံ့ဆော်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

ေမြးကတည္းက လက္မပါဘဲ ခြၽတ္ယြင္းခ်က္နဲ႔ ေမြးဖြားလာေပမဲ့ ကံၾကမၼာကို အရႈံးမေပးပဲ ထေျမာက္ေအာင္ ႀကိဳးစားလာခဲ့တဲ့ အမ်ိဳးသား

မၾကာေသးမီက နတ္သမီးေလးလို လွပတဲ့ အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္ျဖစ္တဲ့ Ho Huu Hanh နဲ႔ သူ႔ရဲ႕ဇနီး Chiem Mui တို႔ဟာ စာဖတ္သူ အမ်ားအျပားရဲ႕ ခ်စ္ခင္ေလးစားမႈကို ရရွိခဲ့ပါတယ္။ အေၾကာင္းရင္းမွာ Huu Hanh ဟာ အလြန္ထူးျခားတဲ့ ခႏၶာကိုယ္ရွိျခင္းေၾကာင့္ ျဖစ္ပါတယ္။ ခ်ိဳ႕ယြင္းတဲ့ လက္မ်ားျဖင့္ ေမြးဖြားလာသူ Huu Hanh က ကံၾကမၼာကို အရႈံးမေပး႐ုံသာမက ပိုမိုေကာင္းမြန္တဲ့ ဘဝကို ပိုင္ဆိုင္လိုၿပီး ထေျမာက္ရန္ ႀကိဳးစားခဲ့ပါတယ္။

Huu Hanh ေမြးဖြားလာခ်ိန္မွာ လက္မ်ားမပါတဲ့အတြက္ မိခင္ျဖစ္သူက ၾကားသိၿပီး လက္မခံႏိုင္ဘဲ ငိုယိုကာ မူးလဲသြားခဲ့ပါတယ္။ သူမရဲ႕သားက အနာဂတ္မွာ ဘယ္လိုရွင္သန္မယ္ဆိုတာ မသိတဲ့အတြက္ သူမ ဝမ္းနည္းေၾကကြဲခဲ့ရပါတယ္။ ဒါေပမဲ့ Huu Hanh က သူ႔အားနည္းခ်က္ကို ေစာေစာစီးစီး သိရွိခဲ့ၿပီး သူလုပ္ႏိုင္ေၾကာင္း လူတိုင္းကို သက္ေသျပဖို႔ အၿမဲႀကိဳးစားပါတယ္။

Hanh ငယ္ငယ္ေလးကတည္းက အရာရာတိုင္းကို ေျခဖဝါးနဲ႔ ေလ့က်င့္ခဲ့ပါတယ္။ Hanh က တကၠသိုလ္ပ႐ိုဂရမ္ကို ၿပီးေျမာက္ၿပီး Google အလုပ္ဝင္ခဲ့ပါတယ္။ Huu Hanh က သူနဲ႔ သူ႔ဇနီးဟာ အထက္တန္းေက်ာင္းကတည္းက တစ္ေယာက္နဲ႔ တစ္ေယာက္ သိခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ေမြးကတည္းက သင့္ခႏၶာကိုယ္ကို သင္မေ႐ြးခ်ယ္ႏိုင္ေပမဲ့ ကိုယ့္ကိုယ္ကို ဖြံ႕ၿဖိဳးတိုးတက္ေစရန္ Huu Hanh က အျခားသူေတြကို လႈံ႕ေဆာ္မႈတစ္ခုျဖစ္ေစခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories