ကွန်ဒိုရဲ့အထစ်မှာ စိတ်ကောက်ပြီး ကပ်နေတဲ့ခွေးကို စိတ်ရှည်ရှည်နဲ့ ချော့ပြီး ကယ်တင်ခဲ့ရတဲ့ မီးသတ်သမား

မလေးရှားရှိ ခွေးတစ်ကောင်အတွက် မီးသတ်သမားက ကယ်ဆယ်လိုက်တဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။ ခွေးကလေးက ကွန်ဒိုမီနီယံရဲ့ အထစ်ပေါ်မှာ ကပ်နေခဲ့ပြီး မီးသတ်သမားများက ခွေးကို ဆွဲဆောင်ကာ ကယ်တင်ရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ခွေးက စိတ်ကောက်ပြီး ခေါင်းကို နံရံဘက် လှည့်လိုက်ပါတယ်။

ထိုအချိန်မှာ မီးသတ်သမားက “ဒီကောင်ချော့ဖို့မလွယ်ပါဘူး ” လို့ ရယ်မောစွာ ပြောခဲ့ပါတယ်။ မီးသတ်သမားက မရေမရာတဲ့ အထစ်မှ ခွေးကို ကယ်တင်ရန် အခြားနည်းလမ်းတစ်ခုကို သုံးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ မီးသတ်သမားက အထစ်ကနေ ခွေးကို သယ်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories