အသက် ၂၁ နှစ်ရှိပြီဖြစ်ပေမဲ့ ချစ်စရာ သေးငယ်တဲ့ ခန္ဓာကိုယ်ကြောင့် အသေးဆုံးမိန်းကလေးလို့ သတ်မှတ်ခံရတဲ့ အမျိုးသမီး

လူတချို့ဟာ မွေးရာပါ ချို့ယွင့်ချက်နဲ့ မွေးဖွားလာတဲ့ သူတွေရှိပါတယ်။ ဒါပေမဲ့ သူတို့က အခက်အခဲများ ပြည့်နှက်နေတဲ့ ဘဝကို အမြဲအကောင်းမြင်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းနေကြတာကို တွေ့ရပါတယ်။ Le Thi Kim Ly လို့ခေါ်တဲ့ အမျိုးသမီးဟာလည်း အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်သော်လည်း ချစ်စရာကောင်းပြီး သေးသွယ်တဲ့ အသွင်အပြင်ရှိပါတယ်။ Ly ဟာ အရပ် ၁ မီတာအောက်ရှိတဲ့ ဗီယက်နမ်မှာအသေးဆုံးမိန်းကလေးအဖြစ် လူသိများပါတယ်။

Ly ဟာ ၃ နှစ်အရွယ်ကလေးလို သေးငယ်တဲ့ ခန္ဓာကိုယ်ရှိပေမဲ့ သူမရဲ့ အတွေးအခေါ်က အလွန်ရင့်ကျက်ပါတယ်။ ဒီတစ်ခါမှာတော့ အရင်ကနဲ့ ယှဉ်ရင် သူမရဲ့ ခန္ဓာကိုယ်က ပြောင်းလဲလာပြီး Ly က ၈ ကီလိုဂရမ်ကနေ ၉ ကီလိုဂရမ်အထိ တိုးလာတဲ့အတွက် သူမရဲ့ စိတ်ကို ပိုပြီး လန်းဆန်းလာစေပါတယ်။ သူမရဲ့ ဝါသနာနဲ့ အိပ်မက်က ကာတွန်းများ ကြည့်ခြင်းနဲ့ ပုံဆွဲခြင်း ဖြစ်ပါတယ်။ ၎င်းကို မျှဝေတဲ့အခါ ဆိုရှယ်မီဒီယာအသုံးပြုသူအများအပြားက Kim Ly ကိုယ်စား ပျော်ရွှင်မိကြောင်း ဖော်ပြခဲ့ကြပြီး သူမကို အကောင်းဆုံးဆုမွန်ကောင်းများ ပေးပို့ခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

အသက္ ၂၁ ႏွစ္ရွိၿပီျဖစ္ေပမဲ့ ခ်စ္စရာ ေသးငယ္တဲ့ ခႏၶာကိုယ္ေၾကာင့္ အေသးဆုံးမိန္းကေလးလို႔ သတ္မွတ္ခံရတဲ့ အမ်ိဳးသမီး

လူတခ်ိဳ႕ဟာ ေမြးရာပါ ခ်ိဳ႕ယြင့္ခ်က္နဲ႔ ေမြးဖြားလာတဲ့ သူေတြရွိပါတယ္။ ဒါေပမဲ့ သူတို႔က အခက္အခဲမ်ား ျပည့္ႏွက္ေနတဲ့ ဘဝကို အၿမဲအေကာင္းျမင္ၿပီး ေပ်ာ္႐ႊင္စြာ ျဖတ္သန္းေနၾကတာကို ေတြ႕ရပါတယ္။ Le Thi Kim Ly လို႔ေခၚတဲ့ အမ်ိဳးသမီးဟာလည္း အသက္ ၂၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေသာ္လည္း ခ်စ္စရာေကာင္းၿပီး ေသးသြယ္တဲ့ အသြင္အျပင္ရွိပါတယ္။ Ly ဟာ အရပ္ ၁ မီတာေအာက္ရွိတဲ့ ဗီယက္နမ္မွာအေသးဆုံးမိန္းကေလးအျဖစ္ လူသိမ်ားပါတယ္။

Ly ဟာ ၃ ႏွစ္အ႐ြယ္ကေလးလို ေသးငယ္တဲ့ ခႏၶာကိုယ္ရွိေပမဲ့ သူမရဲ႕ အေတြးအေခၚက အလြန္ရင့္က်က္ပါတယ္။ ဒီတစ္ခါမွာေတာ့ အရင္ကနဲ႔ ယွဥ္ရင္ သူမရဲ႕ ခႏၶာကိုယ္က ေျပာင္းလဲလာၿပီး Ly က ၈ ကီလိုဂရမ္ကေန ၉ ကီလိုဂရမ္အထိ တိုးလာတဲ့အတြက္ သူမရဲ႕ စိတ္ကို ပိုၿပီး လန္းဆန္းလာေစပါတယ္။ သူမရဲ႕ ဝါသနာနဲ႔ အိပ္မက္က ကာတြန္းမ်ား ၾကည့္ျခင္းနဲ႔ ပုံဆြဲျခင္း ျဖစ္ပါတယ္။ ၎ကို မွ်ေဝတဲ့အခါ ဆိုရွယ္မီဒီယာအသုံးျပဳသူအမ်ားအျပားက Kim Ly ကိုယ္စား ေပ်ာ္႐ႊင္မိေၾကာင္း ေဖာ္ျပခဲ့ၾကၿပီး သူမကို အေကာင္းဆုံးဆုမြန္ေကာင္းမ်ား ေပးပို႔ခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories