မိဘတွေ ကွာရှင်းကြပြီး မိခင်နဲ့အတူ ဇာတိမြေကို လိုက်ပြန်ရမှာဖြစ်လို့ ကျောင်းက သူငယ်ချင်းတွေကို နှုတ်ဆက်ခဲ့တဲ့ ကလေးမလေးရဲ့ ဝမ်းနည်းစရာမြင်ကွင်း

ကလေးများအတွက်၊ မိဘဆီကနေ ဂရုစိုက်ချစ်ခင်မှု အပြည့်ရရှိတဲ့ မိသားစုက ပိုပျော်ရွှင်စရာရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ သဘောထားကွဲလွဲမှုများကြောင့် မိဘတွေ တစ်ယောက်နဲ့ တစ်ယောက် ကွာရှင်းကြတဲ့အခါ အထိခိုက်ဆုံးက သားသမီးတွေ ဖြစ်နိုင်ပါတယ်။ မကြာသေးမီက ကျောင်းသူလေးတစ်ဦးဟာ အတန်းကသူငယ်ချင်းနဲ့ ဆရာမတွေကို ဝမ်းနည်းစွာ နှုတ်ဆက်နေတဲ့ အခိုက်အတန့်လေးကို မျှဝေခဲ့ပါတယ်။ THT လို့ အမည်ပေးထားတဲ့ ကျောင်းသူလေးက မိဘတွေ ကွာရှင်းကြလို့ သူမရဲ့ ဇာတိမြို့ကို ပြန်ရတော့မှာဖြစ်ပါတယ်။

ထို့ကြောင့် သူမရဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်တဲ့ မြင်ကွင်းက ကြည်ရှုသူတွေက်ု ဝမ်းနည်းစရာဖြစ်စေခဲ့ပါတယ်။ သူငယ်ချင်းများက THT ကို ပွေ့ဖက်နှုတ်ဆက်ကြပြီး ဆရာမကလည်း သူမကို အားတက်သရော ပွေ့ဖက်ပေးခဲ့ပါတယ်။ THT ကိုယ်တိုင်က ဒီလိုအခြေအနေမျိုးမှာ ဆရာတွေနဲ့ သူငယ်ချင်းတွေကို နှုတ်မဆက်ချင်ပေမယ့် သူ့မိသားစုက သူ့အမေနဲ့မွေးရပ်မြေကို ပြန်ခိုင်းတာကြောင့် နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ကျောင်းတက်ချိန်တွေမှာ အမှတ်ရစရာအကောင်းဆုံးခံစားချက်တွေဖြစ်ပြီး လူတိုင်းက သူမရဲ့ခံစားချက်ကို စာနာခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories