ဖျားနေတဲ့ကလေးကို သက်တောင့်သက်သာအိပ်နိုင်ရန် လေယာဉ်ပေါ်မှာ ၄ နာရီကြာ ဒူးထောက်ထိုင်နေခဲ့တဲ့ မိခင်

မိခင်ရဲ့မေတ္တာက အမြဲအေးမြဲပြီး မိခင်တိုင်းက မိမိကလေးကို ကျန်းမား ပျော်ရွှင်စေလိုတာပါ။ မိခင်တွေက ဘဝမှာ ကျွန်တော်တို့ကို အားပေးနှစ်သိမ့်မှုပေးရန် အမြဲအသင့်ရှိသူတွေဘဲဖြစ်ပါတယ်။ လတ်တလောမှာတော့ လူမှုကွန်ရက်မှာ လေယာဉ်ပေါ်က သားအမိနှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေကို လူမှုကွန်ရက်မှာ ဝေမျှပေးခဲ့ပြီး မြင်သူတိုင်း မျက်ရည်ကျခဲ့ရပါတယ်။ မိခင်ဘဝက လူတွေကို အမြဲထိမိနေတာ အမှန်ပါပဲ။ ထို့ကြောင့် အဆိုပါမိခင်က ဖျားနာနေတဲ့ သူမရဲ့ကလေးကို ပြုစုစောင့်ရှောက်ရန် ၄ နာရီကြာ ဒူးထောက်ထိုင်ခဲ့ပါတယ်။

လေယာဉ်အကြာကြီးစီးရတော့ ကလေးက နေမကောင်းလို့ မိခင်က သူ့ကလေးကို ကုလားထိုင်နှစ်လုံးပေါ် လှဲခိုင်းပြီး သူမက ဒူထောက်ကာ ကလေးရဲ့ နောက်ကျောကို ပုတ်ပေးခဲ့ပါတယ်။ ဒူးထောက်ရတာက ပင်ပန်းခြင်း၊ ခြေထောက်နာခြင်း၊ ခါးနာခြင်းတို့ မအီမသာဖြစ်ပေမဲ့ ဒီအမေက လေယာဉ်ထိုင်ခုံဘေးမှာ ကိုယ်ဟန်အနေအထားကို ထိန်းထားပြီး ကလေးကို စိုရိမ်နေခဲ့ပါတယ်။

ကုလားထိုင်ပေါ်ထိုင်ပြီး ကလေးကို လက်နှစ်ဖက်နဲ့ ပွေ့ချီမထားတာက သူမရဲ့ ကလေးကို မသက်မသာဖြစ်မှာစိုးတာကြောင့်ပါ။ ဒီမိခင်ဟာ စိတ်ရှည်သည်းခံပြီး ချစ်လှစွာသောကလေးအတွက် အနစ်နာခံကာ ပြုစုစောင့်ရှောက်ပေးတဲ့ မိခင်တစ်ဦးသာဖြစ်ပါတယ်။ အဆိုပါပုံက လူအများအပြားကို သားသမီး အပေါ်ထားတဲ့ မိခင်မေတ္တာက ဘယ်လောက်ကြီးမားသလဲဆိုတာကို မြင်စေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

ဖ်ားေနတဲ့ကေလးကို သက္ေတာင့္သက္သာအိပ္ႏိုင္ရန္ ေလယာဥ္ေပၚမွာ ၄ နာရီၾကာ ဒူးေထာက္ထိုင္ေနခဲ့တဲ့ မိခင္

မိခင္ရဲ႕ေမတၱာက အၿမဲေအးၿမဲၿပီး မိခင္တိုင္းက မိမိကေလးကို က်န္းမား ေပ်ာ္႐ႊင္ေစလိုတာပါ။ မိခင္ေတြက ဘဝမွာ ကြၽန္ေတာ္တို႔ကို အားေပးႏွစ္သိမ့္မႈေပးရန္ အၿမဲအသင့္ရွိသူေတြဘဲျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ လူမႈကြန္ရက္မွာ ေလယာဥ္ေပၚက သားအမိႏွစ္ေယာက္ရဲ႕ ဓာတ္ပုံေလးေတြကို လူမႈကြန္ရက္မွာ ေဝမွ်ေပးခဲ့ၿပီး ျမင္သူတိုင္း မ်က္ရည္က်ခဲ့ရပါတယ္။ မိခင္ဘဝက လူေတြကို အၿမဲထိမိေနတာ အမွန္ပါပဲ။ ထို႔ေၾကာင့္ အဆိုပါမိခင္က ဖ်ားနာေနတဲ့ သူမရဲ႕ကေလးကို ျပဳစုေစာင့္ေရွာက္ရန္ ၄ နာရီၾကာ ဒူးေထာက္ထိုင္ခဲ့ပါတယ္။

ေလယာဥ္အၾကာႀကီးစီးရေတာ့ ကေလးက ေနမေကာင္းလို႔ မိခင္က သူ႔ကေလးကို ကုလားထိုင္ႏွစ္လုံးေပၚ လွဲခိုင္းၿပီး သူမက ဒူေထာက္ကာ ကေလးရဲ႕ ေနာက္ေက်ာကို ပုတ္ေပးခဲ့ပါတယ္။ ဒူးေထာက္ရတာက ပင္ပန္းျခင္း၊ ေျခေထာက္နာျခင္း၊ ခါးနာျခင္းတို႔ မအီမသာျဖစ္ေပမဲ့ ဒီအေမက ေလယာဥ္ထိုင္ခုံေဘးမွာ ကိုယ္ဟန္အေနအထားကို ထိန္းထားၿပီး ကေလးကို စိုရိမ္ေနခဲ့ပါတယ္။

ကုလားထိုင္ေပၚထိုင္ၿပီး ကေလးကို လက္ႏွစ္ဖက္နဲ႔ ေပြ႕ခ်ီမထားတာက သူမရဲ႕ ကေလးကို မသက္မသာျဖစ္မွာစိုးတာေၾကာင့္ပါ။ ဒီမိခင္ဟာ စိတ္ရွည္သည္းခံၿပီး ခ်စ္လွစြာေသာကေလးအတြက္ အနစ္နာခံကာ ျပဳစုေစာင့္ေရွာက္ေပးတဲ့ မိခင္တစ္ဦးသာျဖစ္ပါတယ္။ အဆိုပါပုံက လူအမ်ားအျပားကို သားသမီး အေပၚထားတဲ့ မိခင္ေမတၱာက ဘယ္ေလာက္ႀကီးမားသလဲဆိုတာကို ျမင္ေစခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories