နှင်းဆီပန်း ၁ သန်းကျော်နဲ့ နတ်သမီးဥယျာဉ်အတိုင်း ပြင်ဆင်ထားတဲ့ ဇိမ်ခံဟိုတယ်ကြီးထဲမှာ ချစ်သူကောင်မလေးကို propose လုပ်ခဲ့တဲ့ ကောင်လေး

ကောင်လေးတစ်ယောက် ဒူးထောက်ပြီး propose လုပ်တာက မိန်းကလေးတော်တော်များများရဲ့ အိပ်မက်ပါ။ မကြာသေးမီက နှင်းဆီပန်းပင်လယ်ပြင်ကြီးအတွင်း ကောင်လေးတစ်ယောက်က ချစ်သူကို propose လုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ကြည့်ရှုသူ သန်းပေါင်းများစွာကို ဆွဲဆောင်ခဲ့ပြီး တရုတ်လူမှုကွန်ရက်တွေမှာ ဆက်တိုက်ဆိုသလို ပျံ့နှံ့နေခဲ့ပါတယ်။

အထူးသဖြင့်၊ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပြည်နယ်ရှိ ဇိမ်ခံဟိုတယ်တစ်ခုမှာ ကောင်လေးက ထိုနေရာကို လတ်ဆတ်တဲ့ ပန်းများဖြင့် နတ်သမီးဥယျာဉ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ထိုရိုမန်တစ်ဆန်တဲ့ မြင်ကွင်းနဲ့ ဂါဝန်ရှည်ကို ဝတ်ဆင်ထားတဲ့ သူရဲ့ချစ်သူက မင်းသမီးလေးကဲ့သို့ ဝင်ရောက်လာခဲ့ပါတယ်။

ဒါဟာ မိန်းကလေးအတွက် တကယ့်ကို စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပါပဲ။ ကောင်မလေးက မျက်ရည်များကို ထိန်းမထားနိုင်ဘဲ ကောင်းလေးရဲ့ proposal ကို ခေါင်းညိတ်ကာ လက်ခံကြောင်း ကောင်လေးကို ပွေ့ဖက်ထားခဲ့ပါတယ်။ ဒီကြီးကျယ်ခမ်းနားတဲ့ ဒီ ရိုမန်တစ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းခြင်းက နှင်းဆီပေါင်း ၁ သန်းအထိ အသုံးပြုထားပြီး မီးပုံးပျံကို ၃ ထပ်အိမ်ကဲ့သို့ အမြင့်တစ်ပွင့်စီဖြင့် စေ့စပ်သေချာစွာ စီစဉ်ပေးထားကြောင်း သိရှိရပါတယ်။ ဒီ proposal ရဲ့ကုန်ကျစရိတ်မှာ ဒေါင် 6 ဘီလီယံကျော်ဖြစ်ပါတယ်။ ဒီ proposal က မိန်းကလေးတိုင်း ဖြစ်ချင်တဲ့ ဆန္ဒကြောင့် ဒီကောင်လေးရဲ့ ချစ်သူကို မိန်းကလေးတိုင်း မနာလိုအားကျနေခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

ႏွင္းဆီပန္း ၁ သန္းေက်ာ္နဲ႔ နတ္သမီးဥယ်ာဥ္အတိုင္း ျပင္ဆင္ထားတဲ့ ဇိမ္ခံဟိုတယ္ႀကီးထဲမွာ ခ်စ္သူေကာင္မေလးကို propose လုပ္ခဲ့တဲ့ ေကာင္ေလး

ေကာင္ေလးတစ္ေယာက္ ဒူးေထာက္ၿပီး propose လုပ္တာက မိန္းကေလးေတာ္ေတာ္မ်ားမ်ားရဲ႕ အိပ္မက္ပါ။ မၾကာေသးမီက ႏွင္းဆီပန္းပင္လယ္ျပင္ႀကီးအတြင္း ေကာင္ေလးတစ္ေယာက္က ခ်စ္သူကို propose လုပ္ခဲ့တဲ့ ဗီဒီယိုဖိုင္ဟာ ၾကည့္ရႈသူ သန္းေပါင္းမ်ားစြာကို ဆြဲေဆာင္ခဲ့ၿပီး တ႐ုတ္လူမႈကြန္ရက္ေတြမွာ ဆက္တိုက္ဆိုသလို ပ်ံ႕ႏွံ႔ေနခဲ့ပါတယ္။

အထူးသျဖင့္၊ တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းျပည္နယ္ရွိ ဇိမ္ခံဟိုတယ္တစ္ခုမွာ ေကာင္ေလးက ထိုေနရာကို လတ္ဆတ္တဲ့ ပန္းမ်ားျဖင့္ နတ္သမီးဥယ်ာဥ္အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။ ထို႐ိုမန္တစ္ဆန္တဲ့ ျမင္ကြင္းနဲ႔ ဂါဝန္ရွည္ကို ၀တ္ဆင္ထားတဲ့ သူရဲ႕ခ်စ္သူက မင္းသမီးေလးကဲ့သို႔ ဝင္ေရာက္လာခဲ့ပါတယ္။

ဒါဟာ မိန္းကေလးအတြက္ တကယ့္ကို စိတ္လႈပ္ရွားစရာ အခိုက္အတန႔္ပါပဲ။ ေကာင္မေလးက မ်က္ရည္မ်ားကို ထိန္းမထားႏိုင္ဘဲ ေကာင္းေလးရဲ႕ proposal ကို ေခါင္းညိတ္ကာ လက္ခံေၾကာင္း ေကာင္ေလးကို ေပြ႕ဖက္ထားခဲ့ပါတယ္။ ဒီႀကီးက်ယ္ခမ္းနားတဲ့ ဒီ ႐ိုမန္တစ္ဆန္တဲ့ လက္ထပ္ခြင့္ေတာင္းျခင္းက ႏွင္းဆီေပါင္း ၁ သန္းအထိ အသုံးျပဳထားၿပီး မီးပုံးပ်ံကို ၃ ထပ္အိမ္ကဲ့သို႔ အျမင့္တစ္ပြင့္စီျဖင့္ ေစ့စပ္ေသခ်ာစြာ စီစဥ္ေပးထားေၾကာင္း သိရွိရပါတယ္။ ဒီ proposal ရဲ႕ကုန္က်စရိတ္မွာ ေဒါင္ 6 ဘီလီယံေက်ာ္ျဖစ္ပါတယ္။ ဒီ proposal က မိန္းကေလးတိုင္း ျဖစ္ခ်င္တဲ့ ဆႏၵေၾကာင့္ ဒီေကာင္ေလးရဲ႕ ခ်စ္သူကို မိန္းကေလးတိုင္း မနာလိုအားက်ေနခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories