ဆံပင်ကို ၃ နှစ်နီးပါး မွေးလာခဲ့ပြီး ဆံပင်ကျွတ်ခြင်းခံစားရတဲ့ ဖျားနာနေတဲ့ လူနာတွေကို လှူဒါန်းရန် ညှပ်ပစ်လိုက်တဲ့ အမျိုးသားရဲ့ လေးစားစရာလုပ်ရပ်

ဗီယက်နမ်နိုင်ငံ ဟိုချီမင်စီတီးက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး Duy Thai ဟာ ကလေးဘဝတုန်းကတော့ မိခင်ဖြစ်သူဟာ ဓာတ်ရောင်ခြည်ကုထုံးခံယူပြီးတိုင်း ဆံပင်တွေ တဖြည်းဖြည်းကျွတ်လာတာကိုတွေ့တော့ သူ့အမေလို အခြေအနေမျိုးမှာရှိတဲ့ လူတွေကို ဆံပင်လှူနိုင်ရန် ဆံပင်အရှည်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆံပင်ကို ၃ နှစ်ကြာ မွေးလာပြီးနောက် Duy Thai က ညှပ်ပြီး လူနာများကို လှူဒါန်းရန် ရွေးချယ်ခဲ့ပါတယ်။

သာမန်လူများအတွက် ဆံပင်ကို ညှပ်ပြီးနောက် ပြန်ပေါက်နိုင်ပေမဲ့ ကုသလို့မရတဲ့ရောဂါများနဲ့ ၎င်းတို့ရဲ့အသက်ကို ကယ်တင်ရန်အတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနေရတဲ့ လူနာများအတွက် ဆံပင်ဟာ အလွန်အဖိုးတန်တဲ့ အရာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဒီအမျိုးသားရဲ့ လုပ်ရပ်က လူအများ သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories