ဖခင်သဘောကျတဲ့ အမျိုးသမီးက သူမရဲ့ဆရာမဖြစ်နေတာကြောင့် သဘောတူတဲ့အတွက် ခေါင်းတညိတ်ညိတ် လုပ်နေခဲ့တဲ့ ကလေးမလေး

မကြာသေးမီက တရုတ်နိုင်ငံ Shaanxi ပြည်နယ်မှ အမျိုးသားတစ်ဦးဟာ ယခင်က ပျော်စရာကောင်းပြီး နွေးထွေးတဲ့ မိသားစုလေး ပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ သူ့ဇနီးဟာ မတော်တဆမတော်တဆမှုတစ်ခုကြောင့် ထာဝရထွက်ခွါသွားတဲ့အခါ ပျော်ရွှင်မှုတွေ မရှိတော့ပါဘူး။ အဲဒီတုန်းက သူတို့သမီးလေးဟာ အသက် ၂ နှစ်သာရှိသေးပြီး ငယ်ရွယ်သေးပါတယ်။

ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာက ကြီးမားလွန်းပေမယ့် ဒီအမျိုးသားက သမီးလေးအတွက် သူ့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရင်း အိမ်ထောင်အသစ်ပြန်လည်ထူထောင်ဖို့ ကြိုးစားနေဆဲပါ။ တဖြည်းဖြည်းနဲ့ ၃ နှစ်ကြာလာတဲ့အခါ သူ့သမီးလေးဟာ အထီးကျန်နေသေးတာကို မြင်လာတဲ့အတွက် သမီးကို စောင့်ရှောက်နိုင်တဲ့ အမျိုးသမီးကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူတွေ့ရှိထားတဲ့ အမျိုးသမီးကို သမီးလေးနဲ့ မိတ်ဆက်ပေးဖို့ ချိန်းထားတဲ့နေရာကို ရောက်လာတဲ့အခါ အဆိုပါအမျိုးသမီးက သမီးလေးရဲ့ ဆရာမဖြစ်နေခဲ့ပါတယ်။ ထို့ကြောင့် သမီးလေးက သူမကိုမြင်ပြီး ခေါင်းတညိတ်ညိတ်လုပ်ကာ ဖခင်နဲ့ သဘောတူခဲ့ပါတယ်။ လူကြီးနှစ်ယောက်က သမီးလေးရဲ့ အပြုအမူကို ရယ်မောလိုက်ကြပါတယ်။ ရယ်မောသံတွေနဲ့ ပြည့်နှက်နေတဲ့ သူတို့ သုံးယောက်ရဲ့ တွေ့ဆုံမှုဟာ အလွန်ပျော်စရာကောင်းပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories