၆ နှစ်ကြာခွါရတဲ့ သမီးနဲ့မြေးကို ပြန်ဆုံတွေ့တဲ့အခါ ပေါက်ကွဲပြီး ရှိုက်ကြီးတငင်ငိုရင်း မြေးကို ပွေ့ဖက်နမ်းရှုံ့နေခဲ့ အဖိုးအဖွား

မကြာသေးမီက နှစ်ပေါင်းများစွာ ဝေးကွာသွားခဲ့တဲ့ မိန်းကလေးက သားငယ်နဲ့အတူ မိဘဆီပြန်လာတဲ့အခါ မြေးငယ်ကို မျက်ရည်နဲ့ အားရပါးရ ပွေ့ဖက်နေတဲ့ အဖိုးကြောင့် ကြည်ရှုသူများကို မျက်ရည်ကျစေခဲ့ပါတယ်။ ၎င်းတို့ သားအမိ ကိုရီးယားမှာ ၆ နှစ်ကြာနေထိုင်ပြီး အလုပ်လုပ်ပြီးနောက်မှာတော့ ကောင်လေးရဲ့အမေက သူ့မိသားစုကိုလည်ပတ်ဖို့ ဗီယက်နမ်နိုင်ငံကို ပြန်လာခဲ့တာလို့ သိရပါတယ်။

တံခါးဝကို ဝင်လိုက်တာနဲ့ “ဒါက ဦးလေးရဲ့အိမ်လား” လို့ သားငယ်က မေးလိုက်ရာ ဦးလေးဖြစ်သူက လန့်သွားပြီး ကလေးကိုမြင်တော့ ချက်ချင်း တံခါးဆီကို အမြန်သွားကာ သူ့လက်နှစ်ဖက်နဲ့ တူလေးကို ပွေ့ဖက်လိုက်ပါတယ်။ ဒါဟာ သူ့တူလေးကို ပထမဆုံးတွေ့တာဖြစ်လို့ သူအရမ်းစိတ်လှုပ်ရှားသွားပါတယ်။ အဖိုးနဲ့အဖွားဟာလည်း ရှိုက်ကြီးတငင်ငိုရင်း မြေးကို ပွေ့ဖက်နမ်းရှုံ့နေခဲ့ပါတယ်။

အချိန်အတော်ကြာမှာ အဖိုးက သူ့သမီးနဲ့ မြေးကို ပြန်ဆုံရတော့ ဝမ်းသာမှုနဲ့ ပေါက်ကွဲသွားတာပါ။ ၎င်းကို လွှင့်တင်ပြီးနောက် လူတိုင်းက သူတို့မိသားစုရဲ့ ပြန်လည်ဆုံစည်းမှုကိုကြည့်ပြီး ထပ်တူဝမ်းသာမျက်ရည်တွေ ကျခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories