အင်ဂျင်နီယာတစ်ဦးဖြစ်ချင်တဲ့ အိမ်မက်ကို စွန့်လွှတ်ပြီး ရောဂါခံစားရတဲ့ မိခင်ကို ပြုစုခဲ့တဲ့ ဆိုင်ကယ်တက္ကစီမောင်းတဲ့ကောင်လေး

ဗီယက်နမ်နိုင်ငံ၊ နမ်ဒင်မြို့မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် Trinh Quoc Thai အမည်ရှိ အမျိုးသားဟာ သတင်းအချက်အလက်နည်းပညာအင်ဂျင်နီယာတစ်ဦးဖြစ်ရန် စိတ်ကူးယဉ်အိပ်မက်ကို စွန့်လွှတ်ခဲ့ရပြီး သူ့ရဲ့ အသည်းအသန်ဖျားနာနေတဲ့ မိခင်ကို ပြုစုရန် ဆိုင်ကယ်တက္ကစီမောင်းပြီး ပိုက်ဆံရှာခဲ့ပါတယ်။ Thai မိသားစုက ဆင်းရဲနွမ်းပါးပြီး သူကျောင်းပြီးခါနီးမှာ အနာဂတ်က ပိုကောင်းလာမယ်လို့ တွေးခဲ့ပေမဲ့ သူ့အမေက ပြင်းထန်တဲ့ရောဂါနဲ့ အကျိတ်တွေ ဖြစ်နေတာကို သတင်းကြားခဲ့ပါတယ်။

သူ့အမေ ထာဝရ ဆုံးပါးသွားမယ့် အန္တရာယ်ရှိတဲ့ ရောဂါကို ကြောက်လို့ သူ့မိသားစုကို ပြုစုဖို့ ကျောင်းကနေ ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုအချိန်မှစပြီး Thai က ဝင်ငွေတိုးစေရန်အတွက် နေ့တိုင်း ဆိုင်ကယ်တက္ကစီကို မောင်းနှင်လာခဲ့ပြီး နာမကျန်းဖြစ်နေတဲ့ မိခင်ကို ပြုစုခဲ့ပါတယ်။ Thai မိခင်က သူမကလေးရဲ့ အနာဂတ်ကို အဟန့်အတားဖြစ်စေတဲ့ အတွက်သူမ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။ မိခင်ရဲ့ ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်ပေးတဲ့ Thai ရဲ့ သိတက်မှုက လူများစွာကို ထိမိစေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories