ဘဝရဲ့ နောက်ဆုံးအချိန်မှာတောင် ဖျားနေတဲ့ သမီးလေးကို အပ်စိုက်ကုထုံးနဲ့ ကုသပေးဖို့ ကြိုးစားနေတဲ့ ဖခင်အိုကြီး

မိဘများက သားသမီးများကို ခြွင်းချက်မရှိ အမြဲချစ်ကြတာပါ။ ဘာပဲဖြစ်ဖြစ် မိဘတွေက အခက်ခဲဆုံး အခြေအနေမှာတောင် သားသမီးတွေကို အကောင်းဆုံး ပေးချင်ကြပါတယ်။ မကြာသေးမီက အင်တာနက်ပေါ်မှာ လူများစွာကို စိတ်လှုပ်ရှားစေခဲ့သော ဘဝရဲ့ နောက်ဆုံးအချိန်များမှာ အဘိုးအိုနဲ့ သမီးရဲ့ပုံများ ထွက်ပေါ်လာခဲ့ပါတယ်။ အတိအကျပြောရရင် ဆံပင်ဖြူပြီး ပိန်ပါးနေတဲ့ အဘိုးအိုက သူ့ဘဝရဲ့ နောက်ဆုံးအခိုက်အတန့်မှာ ဖျားနေတဲ့ သမီးလေးကို ချစ်မြတ်နိုးတဲ့ ဖခင်အိုကြီးက အပ်စိုက်ကုထုံးနဲ့ ကလေးကို ကုသရန် ကြိုးစားဆဲဖြစ်ပါတယ်။

ဖခင်က သေဆုံးတော့မဲ့အချိန်မှာတောင် သူ့သမီးရောဂါကို ကုသရန် ကြိုးစားနေဆဲဖြစ်ပြီး သမီးဖြစ်သူက ခံစားချက်ကို ထိန်းမနိုင်သိမ်းမရဖြစ်ကာ မျက်ရည်ကျခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သမီးဖြစ်သူကို ချစ်တဲ့ ဖခင်အိုကြီးက ၄ နာရီအကြာမှာပဲ ကမ္ဘာကြီးကို နှုတ်ဆက်သွားခဲ့ပါတယ်။ သူ့ဘဝရဲ့ နောက်ဆုံးအခိုက်အတန့်အထိ သူ့သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ ကြိုးစားနေတဲ့ အဘိုးအိုတစ်ယောက်ရဲ့ ပုံရိပ်ကို ကြည့်ပြီး လူတိုင်းက ဖခင်ကို ပိုချစ်လာအောင် ဖြစ်စေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories