



Source: Htet Htet Moe Oo


Unicode

ဆယ်ကျော်သက်အရွယ် လှသွေးကြွယ်ချိန်မှာ မိုးကုတ်မြို့ရဲ့ အလှမျက်နှာဖုံးဖြစ်ခဲ့တဲ့ ငယ်ဘဝလေးကို ပြသလာခဲ့တဲ့ ထက်ထက်မိုးဦး

မှုံရွှေရည်ဆိုတဲ့ နာမည်လေးကနေတဆင့် ထက်ထက်မိုးဦးအဖြစ် လျှောက်လှမ်းအောင်မြင်ခဲ့တဲ့ မင်းသမီးချောကတော့ သူမရဲ့ ဘဝတစ်လျှောက်မှာ အနိမ့် အမြင့် အတက် အကျတွေ မျိုးစုံနဲ့ ကြုံဆုံခဲ့ရရှာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထက်ထက်မိုးဦးကတော့ ဒီနေ့ဒီအချိန်ထိတိုင် ပရိသတ်တွေဆီက မပြောင်းလဲတဲ့ မေတ္တာတွေကို ရရှိပိုင်ဆိုင်ထားလို့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ထက်ထက်မိုးဦးကလည်း သူမရဲ့ အသက်အရွယ်တွေပြောင်းလဲခဲ့ပေမယ့် အရင်ကအတိုင်း မပြောင်းလဲပဲ ချစ်စရာကောင်းနေဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ငယ်ငယ်က အကြောင်းအရာတွေနဲ့ အမှတ်တရတွေကို ပြန်လည်အောက်မေ့တမ်းတရင်း ပရိသတ်တွေအတွက် မျှဝေပေးနေတဲ့ ထက်ထက်မိုးဦးက ဒီတစ်ခေါက်မှာလည်း သူမရဲ့ မွေးရပ်မြေ မိုးကုတ်မြို့က အမှတ်တရလေးကို မျှဝေလာပါတယ်။ ထက်ထက်မိုးဦးက “ရတနာမြေမှာ မွေးတော့ ရတနာတွေကိုချစ်တာပေါ့လို့ ဒါပေမယ့် ပရိသတ်ရဲ့ မေတ္တာတွေက ထက်ကိုပိုပြီး အားရှိစေတာပါ။” ဆိုပြီး ဆယ်ကျော်သက်အရွယ်က ပုံရိပ်လေးကို ပြသလာခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ ရတနာတို့ထွက်ရှိတဲ့မြေ မိုးကုတ်မြို့ရဲ့ အလှရတနာလေးတစ်ယောက်ဖြစ်ခဲ့ဖူးတာ အမှတ်တရပါပဲ။ ပရိသတ်ကြီးလည်း မြင်ရခဲတဲ့ ထက်ထက်ရဲ့ ငယ်ဘဝပုံရိပ်လေးကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo

credit – cele connections

  • Leave a Comment