၃ နှစ်အရွယ်ကတည်းက “ရုရှားမှာအလှဆုံးအရုပ်မလေး” လို့ နာမည်ကြီးလာခဲ့ပြီး လူသိများခဲ့တဲ့ မင်းသမီးငယ်လေး

ရုရှားနိုင်ငံက ၃ နှစ်အရွယ် ကလေးမလေးဟာ သူမရဲ့အလှတရားကြောင့် ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ Anna Pavaga လို့ အမည်ရှိတဲ့ အဆိုပါကလေးဟာ အသက် 3 နှစ်အရွယ်ကတည်းက လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အထူးသဖြင့် ကြည့်ရှုသူတွေကို စွဲမက်စေမယ့် သူမရဲ့ ကြည်လင်တဲ့ မျက်လုံးလေးတွေ ပိုင်ဆိုင်ထားပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ Anna ရဲ့မျက်နှာနဲ့ အသွင်အပြင်က ပိုပြီး လှပလာလေဖြစ်ပါတယ်။

Anna ရဲ့ ဓာတ်ပုံကို မြင်တဲ့အခါ လူတော်တော်များများက သူမဟာ “ရုရှားမှာ အလှဆုံးအရုပ်” လို့ အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။ မျက်နှာဖောင်းဖောင်း၊ ဝိုင်းဝန်းပြီး ချစ်စရာကောင်းတဲ့ မျက်လုံးများဖြင့် Anna ဟာ ကြော်ငြာစာချုပ်များ ဆက်တိုက်ရခဲ့ပြီး၊ နိုင်ငံတကာ ကမ်ပိန်းများမှာပင် ထိပ်တန်းဖက်ရှင်ဆိုင်များနဲ့ မဂ္ဂဇင်းများပါ၀င်ခဲ့ပါတယ်။

အခုတော့ Anna ဟာ ချောမောလှပတဲ့ မိန်းမငယ်လေးတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ “Russian Angel” လို့နာမည်ကြီးလာတာ ၁၀ နှစ်ကြာပြီးနောက်မှာတော့ သူမရဲ့အလှကို လူအများက စွဲလန်းစေခဲ့ပါတယ်။ အနာဂတ်မှာ Anna ဟာ ကြီးကျယ်ခမ်းနားတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး​လေး ဖြစ်လိမ့်မယ်လို့ လူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories