သေဆုံးသွားတဲ့ ဇနီးသည်နဲ့ ပုံစံတူ ၃၀ ကီလိုဂရမ်အရွယ်အစားရှိ ဆီလီကွန်ရုပ်တုကို ဖန်တီးပြီး ဇနီးရဲ့အကြိုက်ဆုံးနေရာမှာ အမြဲထိုင်ခိုင်းခဲ့တဲ့ အမျိုးသား(ရုပ်သံ)

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါမှ အငြိမ်းစား အစိုးရဝန်ထမ်း Tapas Sandilya ဟာ Covid-19 ကပ်ရောဂါကာလအတွင်း ၂၀၂၁ ခုနှစ်မှာ သူ့ရဲ့ဇနီးကို ဆုံးရှုံးခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့ နောက်ဆုံးဆန္ဒတစ်ခုကို ဖြည့်ဆည်းရန် စိတ်ပိုင်းဖြတ်ထားတဲ့ Tapas က သက်ရှိလူသားနဲ့ တူတဲ့ ဆီလီကွန်ရုပ်တုကို ဖန်တီးနိုင်တဲ့ အနုပညာရှင်တစ်ဦးကို စတင်ရှာဖွေခဲ့ပြီး ပုံမှန်မဟုတ်တဲ့ ပရောဂျက်အတွက် အချိန် 6 လနဲ့ ဒေါ်လာ 3,000 ဝန်းကျင် အသုံးပြုခဲ့ပါတယ်။

ပြီးခဲ့သည့်နှစ်မှာ Tapas က သူ့ရဲ့ကွယ်လွန်သူဇနီးဖြစ်သူရဲ့ ရုပ်တုကို ဖန်တီးနိုင်တဲ့ ပန်းပုဆရာတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ ဆီလီကွန်ပုံသွင်းခြင်းရဲ့ အခြေခံဖြစ်လာမည့် ရွှံ့စေးဖြင့် ရက်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါတယ်။ အဆုံးမှာ ပန်းပုဆရာက ကီလိုဂရမ် 30 အလေးချိန်ရှိတဲ့ ဇနီးနဲ့ရုပ်တူ ဆီလီကွန်ရုပ်တုကို ထုလုပ်ခဲ့ပြီး ဇနီးဝတ်ဆင်ခဲ့တဲ့ အာသံပိုးဆာရီကို ၀တ်ဆင်ထားပေးပြီး မိသားစုအိမ်ရှိ ဇနီးရဲ့အကြိုက်ဆုံးနေရာဖြစ်တဲ့ ဆိုဖာပေါ်မှာ အမြဲတမ်းထိုင်နေခဲ့ပါတယ်။ ဒီထူးဆန်းအဖြစ်အပျက်ကို အင်တာနက်ပေါ် မျှဝေတဲ့အခါ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

ေသဆုံးသြားတဲ့ ဇနီးသည္နဲ႔ ပုံစံတူ ၃၀ ကီလိုဂရမ္အ႐ြယ္အစားရွိ ဆီလီကြန္႐ုပ္တုကို ဖန္တီးၿပီး ဇနီးရဲ႕အႀကိဳက္ဆုံးေနရာမွာ အၿမဲထိုင္ခိုင္းခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

အိႏၵိယႏိုင္ငံ အေနာက္ဘန္ေဂါမွ အၿငိမ္းစား အစိုးရဝန္ထမ္း Tapas Sandilya ဟာ Covid-19 ကပ္ေရာဂါကာလအတြင္း ၂၀၂၁ ခုႏွစ္မွာ သူ႔ရဲ႕ဇနီးကို ဆုံးရႈံးခဲ့ပါတယ္။ ဇနီးျဖစ္သူရဲ႕ ေနာက္ဆုံးဆႏၵတစ္ခုကို ျဖည့္ဆည္းရန္ စိတ္ပိုင္းျဖတ္ထားတဲ့ Tapas က သက္ရွိလူသားနဲ႔ တူတဲ့ ဆီလီကြန္႐ုပ္တုကို ဖန္တီးႏိုင္တဲ့ အႏုပညာရွင္တစ္ဦးကို စတင္ရွာေဖြခဲ့ၿပီး ပုံမွန္မဟုတ္တဲ့ ပေရာဂ်က္အတြက္ အခ်ိန္ 6 လနဲ႔ ေဒၚလာ 3,000 ဝန္းက်င္ အသုံးျပဳခဲ့ပါတယ္။

ၿပီးခဲ့သည့္ႏွစ္မွာ Tapas က သူ႔ရဲ႕ကြယ္လြန္သူဇနီးျဖစ္သူရဲ႕ ႐ုပ္တုကို ဖန္တီးႏိုင္တဲ့ ပန္းပုဆရာတစ္ဦးကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ေနာက္ပိုင္းမွာ ဆီလီကြန္ပုံသြင္းျခင္းရဲ႕ အေျခခံျဖစ္လာမည့္ ႐ႊံ႕ေစးျဖင့္ ရက္ေပါင္းမ်ားစြာ အလုပ္လုပ္ခဲ့ပါတယ္။ အဆုံးမွာ ပန္းပုဆရာက ကီလိုဂရမ္ 30 အေလးခ်ိန္ရွိတဲ့ ဇနီးနဲ႔႐ုပ္တူ ဆီလီကြန္႐ုပ္တုကို ထုလုပ္ခဲ့ၿပီး ဇနီးဝတ္ဆင္ခဲ့တဲ့ အာသံပိုးဆာရီကို ၀တ္ဆင္ထားေပးၿပီး မိသားစုအိမ္ရွိ ဇနီးရဲ႕အႀကိဳက္ဆုံးေနရာျဖစ္တဲ့ ဆိုဖာေပၚမွာ အၿမဲတမ္းထိုင္ေနခဲ့ပါတယ္။ ဒီထူးဆန္းအျဖစ္အပ်က္ကို အင္တာနက္ေပၚ မွ်ေဝတဲ့အခါ လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories